Ch-8.1
အရင်က ပစ္စည်းတွေကြောင့် ခေါင်းကိုက်ရပေမဲ့ ပါဝင်ပစ္စည်းတွေရပြီးနောက် နောက်ဆက်တွဲမှာ အခက်အခဲတွေ အများကြီး ရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ထုပ်ပိုးမှုကိစ္စသာမက ဖြန့်ဖြူးရေးလမ်းကြောင်းလည်းရှိသေးသည်။
ဒီပစ္စည်းတွေကို စျေးကြီးကြီးနဲ့ရောင်းရင် သာမန်လူတွေ တက်နိုင်မည်မဟုတ်ပါ။ တတ်နိုင်တဲ့သူတွေနဲ့ စကားမပြောနိုင်သေးပြန်ဘူး။
ဖန်ရူ သက်ပြင်းချလိုက်မိသည်။ သူမအရင်ဘဝက လျိုရုံ ရောင်းခဲ့သော ယုရန်ခရင်ခ် ကို သွားသတိရသည်။ စျေးနှုန်းက အရမ်းမကြီးဘဲ သာမာန်မိသားစုတွေလည်းတက်နိုင်သည်။
ထင်ရှားသည်မှာ၊လျိုရုံ သည် ထိုခရင်လုပ်နည်းကို နောင်ပိုင်းတွင် ပြောင်းလဲခဲ့ပြီး အစားထိုးတစ်ခုကို တွေ့ရှိခဲ့တာဖြစ်လောက်သည်။
ဖန်ရူ သည် လျိုရုံ က တန်ဖိုးကြီးယွဲ့ရန်အသားဖြူခရင် ပြုလုပ်ရန် အဝါရောင်ပန်းပွင့်ကို ရှာတွေ့ခဲ့သည်ရှိမရှိ မသိပါ။
ပထမအချက်... ဤယွဲ့ရန်အသားဖြူခရင်မ် သည် အရောင်းလမ်းကြောင်းများသည်ရှာဖွေရန်ခက်ခဲပြီး အခြားထုပ်ပိုးပစ္စည်းများကိုမရရှိနိုင်ပါ။ ဖန်ရူ ၎င်း ကို ရိုးရှင်းစွာဂရုတစိုက် ထိန်းသိမ်းထားလိုက်သည်။ ဦးစွာ၊ အဝါရောင်ပန်းပွင့်အစား အစားထိုးနိုင်သော အရာတစ်ခုကို ရှာဖွေပြီး သာမန်ကုန်ချောကို ရောင်းချရန် ဖန်တီးရမည်။
ယွဲ့ရန်အသားဖြူခရင် ကို နောင်တွင် လူများ ထိတွေ့နိုင်သောအဆင့်ရှိမှ လုပ်တော့မည်။
ထိုယွဲ့ရန်အသားဖြူခရင်သည် သာမန်မျက်နှာလိမ်းခရင်န်မဟုတ်ပါ။ အသားဖြူစေပြီး တင်းတိပ်တွေကို ဖယ်ရှားပေးနိုင်သည်။ စာအုပ်ရဲ့ အဆိုအရ အသက်လေးဆယ်ကျော်မှာတောင် အချိန်အကြာကြီးသုံးရင် ကလေးမလေးလို အသားအရေ ချောမွေ့နေပေလိမ့်မည်။ သဘာဝအားဖြင့်တော့ ထိုခရင်ထဲ၌ ဒီလိုကောင်းတဲ့အရာတွေကို လွယ်လွယ်နဲ့ ဖယ်ထုတ်လို့မရပါ။
ဖန်ရူ သည် ယခင်ဘဝတုန်းက နင်မိသားစုတွင်ရှိခဲ့ပြီး ချမ်းသာပြီး မြင့်မြတ်သောမိသားစုများနှင့် အဆက်အသွယ်ရှိခဲ့သည်။ ထိုလူများ က ငယ်ရွယ်နုပျိုသော အလှကို ထိန်းသိမ်းရန်အတွက် မည်သည့်အရာကိုမဆို လုပ်လိုစိတ်ရှိကြသည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။