Ch-12.1
လျိုရုံ စကားမပြောမီ အမေလျို မှ "ချီဟန် ၊ရုံအာ ကို နှောင့်ယှက်ဖို့ အကြောင်းပြချက်တွေ မပြနဲ့။ငါတို့ရုံအာ ငယ်ငယ်တုန်းက တောင်အနောက်ဘက်ထဲမှာ ထိတ်လန့်ဖူးလို့ အဲဒီကတည်းက ငါတို့ တောင်အနောက်ဘက်ကို တစ်ခါမှမသွားတော့ဘူး.. မင်းပြန်တော့ ! ..ဒီမှာ လာရောထွေးမနေနဲ့!"
ချီဟန် ၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ "မင်း ငယ်စဉ်က ထိတ်လန့်ခဲ့ဖူးတယ်? အဲတည်းကတောင်အနောက်ဘက်ကို ဘယ်တော့မှမသွားတော့ဘူး?အဒေါ် လျို ကျွန်တော့်ကို မောင်းထုတ်ဖို့ ဒီလို လိမ်ညာမှုတွေကို မဖန်တီးပါနဲ့!"
အမေလျို မှာ ဤစကားကိုကြားသောအခါ ဒေါသထွက်သွားသည်။ "ငါ ဘယ်တုန်းကမှ အဓိပ္ပာယ်မရှိတာမပြောဖူးဘူး .. ငါတို့ရဲ့ရုံအာ ငယ်ငယ်က တောဝက်အကိုက်ခံခဲ့ရတယ်.. သူ့လက်မောင်းမှာတောင် အမာရွတ်တွေ ရှိနေသေးတယ်!"
လက်မောင်းက အမာရွတ် ?လျိုရုံ ရဲ့ခန္ဓာကိုယ်၌ အမာရွတ်အမှန်တကယ် ရှိနေသည်ကို ချီဟန် သဘောပေါက်သွားပြီး သူ့မျက်နှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ "အဒေါ် လျို ကျွန်တော့်ကို လိမ်နေတာတော့မဟုတ်ဘူးမလား?"
ချီဟန်က မေးခွန်းများ မေးနေသေးသော်လည်း ဤအချက်ကို သူ့စိတ်ထဲတွင် လက်ခံထားပြီးဖြစ်သည်။အမေလျို ပြောတာ မှန်တယ်ဆိုတာ သူသိသည်။
"မင်း ကို ငါ ဘာလို့လိမ်ရမှာလဲ? မြန်မြန်ထွက်သွားစမ်း ! ဒီမှာလာမရူပ်နဲ့ ! ငါတို့ရုံအာ က မင်းကိုလက်ထပ်မှာမဟုတ်ဘူး!"အမေလျို က ချီဟန် ကို စိတ်မရှည်စွာ လက်ခါယမ်း၍ မြန်မြန်ထွက်သွားဖို့ ပြောလိုက်လေသည်။
ချီဟန် ၏မျက်လုံးများတွင် နာကျင်မှုများ တောက်ပလာပြီး သူ့ယခင်ဘဝကို ပြန်သတိရမိသည်။ လျိုရုံ သူ့ကိုဘာပြောခဲ့သလဲ? ။ တောင်အနောက်ဘက်တွင် မှိုကောက်ဖို့လာစဉ် ဒဏ်ရာရပြီး သတိလစ်နေတဲ့ သူ့ကို မတော်တဆ တွေ့ခဲ့ပြီး ကယ်တင်ခဲ့သည်ဟု ပြောခဲ့သည်။
ယခုမူ လျိုရုံ ၏မိခင်က လျိုရုံ သည် ငယ်စဉ်က တောင်အနောက်ဘက်ထဲတွင် ထိတ်လန့်ဖူးသောကြောင့် ထိုအချိန်ကစလို့ သွားဖို့ကို ငြင်းဆန်ခဲ့သည်ဟု ပြောနေသည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။