Ch-26
လျိုရုံ က ဤအသက်ကယ်ခြင်းကျေးဇူးကို အယောင်ဆောင်လိုတယ်ပေါ့ .. ဒါဆို သူမ ကူညီပါရစေ.. အချိန်တန်ဒုက္ခရောက်ခဲ့ရင် သူမကို အပြစ်မတင်ဖို့ မျှော်လင့်တယ်။
နင်ဟွီဟုန် ဒီကောလာဟလကို ကြားလိုက်ရတဲ့အခါ အရမ်းတုန်လှုပ်သွားခဲ့သည်။
သူသိတဲ့ လျိုရုံ ဟာ အရှက်မရှိလောက်ဘူးထင်ပေမယ့် ဒီမိန်းမက သူ့ရဲ့အောက်ကန့်သတ်ချက်ကို ချိုးဖျက်လိမ့်မည်ဟု မထင်ထားဘူး။
ဒါဆို ချီဟန် ကို ကယ်တင်တာ အတုပေါ့? ယခင်ဘဝက ချီဟန်ကို ကယ်တင်ခဲ့သော်လည်း ယခုဘဝတွင် မော့ရှင်းကို ကယ်တင်ခဲ့သည်။
ဒီမိန်းမ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ? မော့ရှင်းကို ချီဟန် ကဲ့သို့ လှည့်စားရန် လွယ်ကူသည်ဟု အမှန်တကယ် ထင်နေတာလား?
နင်ဟွီဟုန် သည် မော့ရှင်း က တ လျိုရုံ၏အလိမ်အညာတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုသည်ကို ချက်ခြင်းမြင်ချင်သွားသည်။ အရမ်းစိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ။
မော့ရှင်း လမ်းပေါ်တွင် လမ်းလျှောက်လာချိန် ရံဖန်ရံခါ အဒေါ်များနှင့်လူကြီးများက သူ့ကိုသတိပေးလာသည်။ "မော့ရှင်း မင်းက ယောကျာ်းသားပဲ ကြင်နာမှုကို ပြန်ပေးဆပ်ရမှာပေါ့...! လျိုရုံ က မင်းရဲ့အသက်ကို ကယ်တင်ထားတာဆိုတော့ ကျေးဇူးတရားကို ထုတ်ပြရမယ်မလား?"
မော့ရှင်း ဤလူများကို အေးစက်သောအမူအရာဖြင့် ကြည့်ရင်း ရှင်းပြခြင်း သို့မဟုတ် ငြင်းဆိုခြင်းမလုပ်ပဲ ပေါ့ပေါ့တန်တန် ညည်းညူလိုက်သည်။
လူသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ကြင်နာမှုကို ပေးဆပ်ခြင်းနှင့်ကြင်နာမှုကို သင်ယူရမည်။ သူ ကြင်နာမှုကိုပြန်ပေးဆပ်ပြီးပြီ အဲသူက လျိုရုံမဟုတ်ဘူး!
သို့သော်၊မော့ရှင်း အလွန်သိချင်နေသည်။ လျိုရုံ သည် သူ၏ကယ်တင်ရှင်အဖြစ် ဟန်ဆောင်ရန် ဘယ်က သတ္တိရတာများလဲ? သူ့ကို တခြားငတုံးတွေလို ကယ်တင်သူကိုမသိတဲ့ ငတုံးလို့ထင်နေတာလား?
ဖန်ရူ သူ့ကို ကယ်တင်တုန်းက မပြောနဲ့... သူမေ့မောနေရင်တောင်မှ သူ့ကယ်တင်ရှင်၏အချက်အလက်ကို မပြောနိုင်တဲ့သူလို့ထင်နေတာလား?
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။