Ch-6
"လျိုဟွား နင် အထဲမှာလား?" အပြင်ဘက်မှ လီရူယင် ၏ အသံထွက်ပေါ်လာသည်။
လျိုဟွား မှာ ထိုအသံကိုကြားလိုက်သောအခါ သူ့အမူအရာ ပြောင်းလဲသွားတော့သည်။ သူမသည် စာအုပ်ကို ရှေ့ရှိ ဖန်ရူ ၏ကျောပိုးအိတ်ထဲတွင် ဝှက်ထား၍ပြောလိုက်သည်။ "ငါလုပ်စရာရှိသေးလို့ ...နင် ပြီးရင် ငါပြန်ပြီနော်...!"
ဖန်ရူ သည် လျိုဟွား ၏ ပြောင်းလဲလာသော အမူအရာအား ကြည့်၍ စိတ်ထဲလှောင်ရယ်မိတယ်။ "အစ်မလျိုဟွားမှာ ပြောစရာမရှိဘူးပေါ့..."
လီရူယင် နှင့် ရှားရှီရွာမှ အခြားမိန်းကလေးများစွာသည် ဝေဟွမ် ၏ ဦးဆောင်မှုအောက် တံခါးဆီသို့ လျှောက်လာကြသည်။
လီရူယင် က အခန်းထဲဝင်လာပြီး လျိုဟွား က အမြန်ထွက်ချင်နေတာတွေ့တော့ အခန်းထဲဝင်၍ တံခါးကိုပိတ်လိုက်သည်။ "ဟေး လျိုဟွား နင် ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ"
"ဖယ်စမ်း ! ငါပြန်တော့မလို့ !" လီရူယင် တံခါးကို ပိတ်ဆို့ထားတာကို ကြည့်ရင်း လျိုဟွား ရဲ့ မျက်နှာက ပိုလို့တောင် ရုပ်ဆိုးသွားသည်။
ဒီလီရူယင်က အမြဲတမ်း သူမကိုဆန့်ကျင်ခဲ့သည်။ အကယ်၍ သူမ ဖန်ရူ ဆီသို့ မေးခွန်းကိုမေးဖို့ရောက်လာသည်ကို သိသွားပါက ရှားရှီရွာတစ်ရွာလုံး ဒီအကြောင်း သိသွားပေလိမ့်မယ်။
" ပညာတက်လူငယ်ဖန် ငါ နင့်ကို နင်က သဘောကောင်းလွန်းတယ်လို့ ပြောခဲ့တယ် လျိုဟွား က အပြင်မှာ ကောလာဟလတွေ ဖြန့်နေတာ နင်သိလား? ဒါတောင် နင်က သူ့အတွက် မေးခွန်းတွေ ဖြေပေး ဖို့လုပ်နေသေးတယ်..."
"ဖန်ရူ၊ သူ့စကားတွေကို နားမထောင်နဲ့။ သူ ငါ့ကို အမြဲဆန့်ကျင်နေတာ နင် သိပါတယ်... ငါတို့ဆက်ဆံရေးကို နှိုးဆွဖို့ကြိုးစားနေတာ" လျိုဟွား မှာ အလျင်လိုနေသည်။ သူမ ဒီနေရာတွင် ထုတ်ဖော်မခံလိုပေ။
"ဘာ?" ဖန်ရူ အံ့အားသင့်သွားသည်။ လျိုဟွား ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရင်း "အစ်မလျိုဟွား နင် အဲဒါကို မလုပ်ခဲ့ဘူးမလား?"
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
Lãng mạnThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။