Ch-4
"လူရှိလား? ? တခြားသူရှိလား?" အဲဒီလူက ဆီမီးခွက်ကို သူ့လက်ထဲမှာကိုင်ထား၍ ရှေ့သို့တိုးလာသည်။ "ချီဟန် မင်း ဘာလို့ ဒီရောက်နေတာလဲ?"
"ဦးလေးကျဲကျု?"ချီဟန် မှာ လီကျဲကျုရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားသော်ငြား ဒီအချိန်မှာ ဂရုမစိုက်နိုင်တော့ပဲ သူ့ဘယ်ဘက်ဒူးတွေအလွန်နာကျင်နေသောကြောင့် ပြောလိုက်သည်။ "ဉီးလေးကျဲကျု ... ကျွန်တော် တောင်ပေါ်က ပြုတ်ကျသွားတာ မထနိုင်တော့ဘူး!"
ဆီမီးခွက်ကို ကိုင်ထားသော လီကျဲကျုမှာ မျက်စိတစ်မှိတ်အတွင်း ချီဟန် ထံ ရောက်လာသည်။ ဆီမီးခွက်၏အမောအလင်းနှင့်အတူသူသည် သွေးထွက်နေဆဲဖြစ်သောချီဟန် ၏ဒူးဒဏ်ရာကို တွေ့လိုက်ရသည်။ "မင်း ဘာကြောင့် ဒီလောက်သတိမဲ့ရတာလဲ? မင်း ဒီလိုလဲကျသွားတယ်ပေါ့! လာ .. ငါ မင်းကို တောင်ပေါ်ကနေ ခေါ်သွားပေးမယ်"
လီကျဲဇု ၏ ခွန်အားဖြင့် ချီဟန် တစ်ယောက် တောင်ပေါ်မှ ဆင်း၍ ရွာကျန်းမာရေးဌာနသို့ တိုက်ရိုက်သွားကြသည်။
ကျန်းမာရေးဌာနတွင် ဒေါက်တာရှန် မှာ ထွက်သွားတော့မည့်အချိန် လူနှစ်ယောက်ဝင်လာသည်ကိုတွေ့လိုက်ရသည်။ "ဘာဖြစ်နေတာလဲ" ဟု ကမန်းကတန်း မေးလိုက်သည်။
"ခြေထောက်ကျိုးသွားလို့ ကူညီပေးပါ... !"
ဒေါက်တာရှန် သည် ချီဟန် ရဲ့ ခြေထောက်ကို ကြည့်၍ မျက်မှောင်ကြုတ်ကာပြောလိုက်သည်. "မင်းခြေထောက်ကို ပြသဖို့ ခရိုင်ဆေးရုံကို သွားသင့်တယ်!"
"ဘာလို့လဲ? လဲကျပြီး ခြေထောက်နာတာ မဟုတ်ဘူးလား ကျွန်တော့် ကို ဆေးနည်းနည်းလောက်ပေး..လိမ်းလိုက်မယ်.." ချီဟန် တစ်ယောက် အနည်းငယ် စိတ်ရူပ်သွားသည်။ သူ့အရင်ဘဝက ဒီလိုအရာတွေ မရှိခဲ့ဖူးပါ။
ဒေါက်တာရှန်က ချီဟန် ရဲ့ဒဏ်ရာကိုကြည့်၍ သက်ပြင်းချရင်းဖြင့် "မင်း စောစောလာခဲ့ရင် ဆေးပေးလိုက်လို့ရတယ် မင်း ဂရုတစိုက်လိမ်းရင် မင်းခြေထောက် ကောင်းသွားလိမ့်မယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ အခု ခရိုင်ဆေးရုံကို သွားသင့်တယ်"
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။