5

182 23 0
                                    

#Unicode
အခန်း(၅)
ရေထဲကအရိပ်
<<<<<

"သခင်လေးရယ်... ကျွန်တော့်ကိုအဲ့လိုကြီးမခြောက်ပါနဲ့လား... ငါ့ခန္ဓာကိုယ်ကြီးကသာ ကြီးရင်ကြီးလိမ့်မယ်  ငါက ရှင်းပြလို့မရတဲ့အရာတွေကို အကြောက်ဆုံးပဲကွ..."
တကွေ့ကပြောလိုက်တယ်။
"အဲ့ဒါတွေက မြင်းသူခိုးတစ်အုပ်လို့ပြောရင်တောင် ပြဿနာမရှိဘူး... ဒါပေမဲ့ အဲ့ဒါတွေက ဘာတွေလဲဆိုတာ မင်းတောင်မပြောနိုင်ဘူးလေ... ကြည့်လိုက်စမ်းပါဦး... ငါ့ခြေထောက်တွေပျော့ခွေနေပြီ...."

ငါတို့တွေဒီမှာရပ်နေလို့ လုံးဝမရတော့ဘူးလို့ ငါဘာသာတွေးမိတယ်။ ပြီးတော့ ငါ့ခေါင်းထဲမှာ ဆိုးရွားလှတဲ့ ဖြစ်နိုင်ချေမျိုးစုံက တစ်ခုပြီးတစ်ခုထွက်လာနေတယ်။ စိတ်ဓာတ်ကျစရာကောင်းတဲ့ ဥမင်ကြီးရဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုလား ဘာလားတော့မသိပေမဲ့ အဖွဲ့ကိုလှမ်းပြောလိုက်တယ်။
"ဘာကြီးပဲဖြစ်နေနေကိစ္စမရှိဘူး... အရေးကြီးဆုံးအရာက အခုချက်ချင်းအပြင်ထွက်ဖို့ပဲ... ကျွန်တော်တို့က အခု ရေကိုဆန်တက်နေတာဆိုတော့ အနောက်ကိုပြန်သွားမယ်ဆိုရင် အလာတုန်းကထက် သေချာပေါက်ပိုမြန်မှာပဲ... ကျွန်တော်တို့တွေ ဒီထဲရောက်နေတာ ဆယ်မိနစ်လောက်ပဲရှိသေးတာဆိုတော့ အပြင်ပြန်ထွက်ဖို့က ပြဿနာမရှိလောက်ဘူး..."

"ဟုတ်တယ် ဟုတ်တယ်... သခင်လေးသုံးပြောတာမှန်တယ်.."
တကွေ့က ခပ်မြန်မြန်သဘောတူလိုက်တယ်။
"သခင်သုံး... တစ်ခုခုပြောပါဦးလား... အပြင်ထွက်နိုင်ခဲ့ရင် အဆိုးဆုံးဖြစ်လာရင်တောင် တောင်ပေါ်ကိုတက်ပြီးသွားရုံပဲလေ... အထုပ်တွေအကုန် ကျွန်တော်သယ်ပါ့မယ်... ကျွန်တော်သယ်နိုင်ပါတယ်... အလုပ်ကို တစ်ရက် နှစ်ရက်လောက်နောက်ကျတာက ဘာမှမကွာခြားသွားပါဘူး ဟုတ်တယ်မလား? ကျွန်တော်တို့တွေ သင်္ချိုင်းဖောက်သူခိုး လိုဏ်ခေါင်းကိုမြန်မြန်တူးပြီး အချိန်ကုန်တာကို ပြန်ဖာလို့ရတယ်လေနော်?"

ဦးလေးသုံးက မျက်နှာသေကိုကြည့်ပြီး မေးလိုက်တယ်။
"အစ်ကိုလေး(1)ရော.. ဘယ်လိုထင်လဲ?"

"အခုမှ အပြင်ထွက်မယ်ဆို နောက်ကျနေလောက်ပြီ..."
မျက်နှာသေက အမူအရာမပျက်ပြောလိုက်တယ်။
"ဟိုလူနှစ်ယောက်က ကျွန်တော်တို့ကို ဒီကိုခေါ်လာမှတော့ အပြင်ထွက်ဖို့က မဖြစ်နိုင်အောင်လုပ်ထားမှာသေချာတယ်..."

Daomu Biji (Myanmar Translation)Where stories live. Discover now