25

132 16 0
                                    

#Unicode
အခန်း(၂၅)
မြှုပ်နှံကျောက်စိမ်းချပ်ဝတ်
<<<<<

ငါလည်း အရမ်းကိုထိတ်လန့်သွားတာကြောင့် အနောက်ကိုခြေလှမ်းတွေအများကြီး ဆုတ်မိသွားပြီး အလောင်းကြီးက သူ့ခန္ဓာကိုယ်ကို ငါ့အပေါ်ကို ရုတ်တရက်ကြီးခုန်အုပ်လာမှာကိုကြောက်လို့ ကြွက်သားတွေပါတောင့်တင်းနေမိတယ်။
"ဒီအလောင်းကြီးက ဘယ်လိုလုပ်အသက်ရှူနေနိုင်သေးတာလဲ?"
ငါမေးလိုက်မိတယ်။
"ဒီလိုဟာမျိုးက အမြဲတမ်းခဏခဏကြုံရတာမျိုးလား?"

"ဘယ်ဟုတ်ပါ့မလဲ..."
တကွေ့ကလည်း အတုန်တုန်အယင်ယင်နဲ့ ပြန်ဖြေလာတယ်။
"ဒါမျိုး ခဏခဏကြုံတွေ့ရတာမျိုးဆိုရင် သင်္ချိုင်းဖောက်မယ့်အစား အိမ်သာသန့်ရှင်းရေးပဲ သွားလုပ်နေမှာပေါ့..."

တစ်ကိုယ်လုံး ချွေးတွေရွှဲနေပြီး သူ့ဒဏ်ရာသူ လက်နဲ့အုပ်ထားတဲ့ ဖန်ကျစ်ကိုကြည့်လိုက်မိတယ်။
"ဒါဘာကြီးပဲဖြစ်နေဖြစ်နေကိစ္စမရှိဘူး.."
သူ ငါတို့ကိုပြောတယ်။
"သေချာတွေးကြည့်လိုက်.. ဒါကြီးက အခုထိမသေသေးဘူးဆိုရင်တောင် သိပ်မကြာခင်အသက်ပြန်ဝင်လာမှာပဲ! သူထရပ်လာတဲ့အထိစောင့်လိုက်ရင် ပြဿနာတွေပိုဆိုးလာလောက်မယ်လို့ ငါစိုးရိမ်နေမိတယ်...."

အဲ့ဒီ့စကားကိုကြားတာနဲ့ အတော်လေးအဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရတယ်။ အခုလိုမြေအောက်ပတ်ဝန်းကျင်မှာ အရာအားလုံးထက် ခြေတစ်လှမ်းသာနိုင်အောင် ဘယ်ကိစ္စမဆို  အရင်လုပ်လိုက်ပြီးမှ ပြန်တွေးတာပိုကောင်းတယ်လေ။ ဒါကြောင့် သေနတ်ကို ချက်ချင်းမြှောက်ပြီးပစ်ဖို့ချိန်လိုက်တယ်။ ဒါပေမဲ့ ဦးလေးသုံးနဲ့ ဖက်တီးက လက်တွေခါရမ်းရင်း အော်ဟစ်လေတယ်။
"နေဦး... နေဦး... နေပါဦး!"

ဦးလေးသုံးက ပြောရင်းဆိုရင်းနဲ့ ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ အလောင်းရဲ့ အနီးကိုရွှေ့သွားလေတယ်။ သူက ငါ့ကို နောက်တစ်ကြိမ် လက်ခါပြလိုက်ပြီးမှ အလောင်းကိုယ်ပေါ်ကချပ်ဝတ်ကို ပါးစပ်တောင်ကောင်းကောင်းမပိတ်နိုင်အောင် အံ့အားတကြီးနဲ့ကြည့်နေလိုက်တယ်။ သူက အနက်ရောင်ချပ်ဝတ်ကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်။
"ဒါ... ဒါ... မြှုပ်နှံကျောက်စိမ်းချပ်ဝတ်မဟုတ်လား?! ဘုရားသခင်.. ဒါကြီးက တကယ်ရှိနေတာဟ!"

Daomu Biji (Myanmar Translation)Where stories live. Discover now