#Unicode
အခန်း(၃၃)
ပင်လယ်တစ္ဆေ
<<<<<ဦးလေးသုံး အံ့ဩသွားရတာပေါ့။ အနောက်မှာလူတွေ တစ်ယောက်နှစ်ယောက် ပြတ်ကျန်ခဲ့တာကိုနားလည်နိုင်တယ်။ အကုန်လုံးပျောက်သွားရင်တောင် အရမ်းအံ့ဩစရာမရှိဘူးဆိုပေမဲ့ လူတစ်ယောက်ထပ်ပိုလာခဲ့တယ်တဲ့လေ။ လုံးဝကိုမယုံနိုင်စရာကောင်းနေတာပေါ့။ ချန်းဝမ်ကျင်းလွဲပြီး ရေတွက်မိတယ်ထင်လို့ နောက်လှည့်ပြီး ကိုယ်တိုင်ကိုယ်ကျ လူပြန်ရေကြည့်လိုက်တယ်။ အစဉ်အတိုင်းသွားရရင် သူက တစ်၊ ချန်းဝမ်ကျင်းက နှစ်၊ ကြားထဲက သုံး၊ လေး၊ ငါး၊ ခြောက် နဲ့ခုနစ် လီစစ်တိက ရှစ်ဖြစ်ပေမဲ့ အဲ့နောက်မှာတော့...
သူ ပင့်သက်ရှိုက်မိသွားခဲ့တာပေါ့။ သူတို့အုပ်စုရဲ့နောက်မှာ ကိုးယောက်မြောက်လူက သေချာပေါက် ပုန်းကွယ်ပြီးလိုက်နေတယ်ဆိုပေမဲ့ ရေအောက်ထဲမှာဆိုတော့ အမြင်အာရုံဝေဝါးနေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရဘူးဖြစ်နေခဲ့တယ်။
ဦးလေးသုံးက ချက်ချင်းဆိုသလ်ို တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ပြီး ချွေးအေးတွေစီးကျလာတော့တာပေါ့။ သူက သရဲတွေ တစ္ဆေတွေကိုမကြောက်တတ်ဘူးဆိုပေမဲ့ ရေအောက်ထဲမှာ အတွေ့အကြုံမရှိသလို သူတို့အဖွဲ့နောက်မှာ ပါလာတဲ့အရာက ဘာလဲဆိုတာမသိဘူးဖြစ်နေတယ်လေ။ ဖုတ်ကောင်တွေ ရေကူးတတ်လားဆိုတာ သူမသိသလို ရေအောက်သင်္ချိုင်းထဲက ဖုတ်ကောင်တွေဆိုရင် ဘယ်လိုခေါ်ကြလဲဆိုတာလည်း သူမသိဘူးလေ။ ပင်လယ် ဖုတ်ကောင်လား? ရေစိုဖုတ်ကောင်လား?(1)
သူ့ဘာသာ ခေါင်းရမ်းပြီး လီစစ်တိဆိုတဲ့ စောက်ကောင် ရေကူးတာ တကယ်နှေးတာပဲဆိုပြီးတော့ တွေးနေမိတော့တယ်။ ဟိုအရာကြီး သူ့နောက်မှာလိုက်နေတာကိုတောင် ဘယ်လိုလုပ် သတိမထားမိတာလဲ? အခုအခြေအနေမှာ ဘယ်သူကမှ လူရေတွက်မနေနိုင်တာကို သိတာကြောင့် သူကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ တိတ်တိတ်လေး ဓားထုတ်လိုက်ပြီး သူ့နောက်ကျောဘက်မှာဝှက်ရင်း အုပ်စုနောက်ဆုံးမှာ လှုပ်ရှားမှုမရှိဘဲ ရပ်နေတဲ့ ကိုးယောက်မြောက် လူရှိရာဆီ ကူးသွားလိုက်တယ်။
YOU ARE READING
Daomu Biji (Myanmar Translation)
AdventureDescription ရာစုနှစ်များစွာ သင်္ချိုင်းဖောက်သူခိုးဖြစ်ခဲ့ကြသော မိသားစုလုပ်ငန်းကို အမွေဆက်ခံခဲ့သည့် ဝူရှဲ့ဟုအမည်ရသော လူငယ်လေး၏ စွန့်စားခန်းဝတ္ထုဇာတ်လမ်းတွဲဖြစ်သည်။ Anime, Manhuaအပြင် Live Actionအဖြစ်ပါ ထွက်ရှိထားသည်။ **** Anime name Daomu Biji: Qinli...