15

157 22 6
                                    

#Unicode
အခန်း(၁၅)
လေလည်သံ
<<<<<

ဖက်တီးက ဂုဏ်သရေကျည်ဆံတစ်ခုတည်းပဲပါတဲ့ သေနတ်ကိုကိုင်ပြီး "ပြန်ချကြမလား?" ဆိုတဲ့ပုံစံနဲ့ မျက်နှာသေကို အမူအရာပြလိုက်တယ်။ ဒါပေမဲ့ မျက်နှာသေက လက်မခံတဲ့ပုံနဲ့ လက်ခါရမ်းပြလိုက်ပြီး သူ့နှာခေါင်းသူလက်နဲ့ အုပ်လိုက်ပြီး ငါတို့ကိုလည်း သူ့လိုလိုက်လုပ်ဖို့ မေးငေါ့ပြလာတယ်။ အဲ့နောက်မှာတော့ သူကဖန်ကျစ်ရဲ့ နှာခေါင်းကိုလည်း လက်တစ်ဖက်နဲ့ အုပ်ပေးလိုက်ပြီး နောက်လက်တစ်ဖက်နဲ့ မိုင်းတွင်းသုံးမီးအိမ်လေးကို ပိတ်လိုက်တယ်။

ချက်ချင်းပဲ ငါတို့အားလုံး ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုကြီးထဲ ကျရောက်သွားပြီး "ဂီးဂီး"ဆိုတဲ့ ကြောက်စရာအသံကလွဲရင် ငါ့ရဲ့ အခုန်မြန်နေတဲ့ နှလုံးခုန်သံကိုပဲ ကြားနေရတယ်။ အခုအချိန်မှာ ငါ့ရဲ့အာရုံတွေအားလုံးက ဟိုအသံကိုပဲ အာရုံစိုက်နေမိတယ်။ အသံက တဖြေးဖြေးနီးကပ်လာရုံတင်မကဘဲ လေထုထဲမှာ ထူးဆန်းတဲ့ရနံ့တစ်ခု ပျံ့လွင့်လာတာကိုလည်း အနံ့ခံလိုက်မိတယ်။

ငါဖြင့် ကြောက်လွန်းလို့ အသက်ရှူမွန်းပြီး သေသွားတော့မယ်လို့ တွေးလိုက်မိတယ်။ အသံက တဖြေးဖြေး ကြည်လင်ပြတ်သားလာပြီး ငါတို့ရှေ့မှာ ငါတို့အတွက် စောင့်နေတဲ့ ကွပ်မျက်မှုတွေ အတန်းလိုက်ရှိနေတယ်လို့ ခံစားရလုနီးပါးဖြစ်လာရတယ်။ ဒါပေမဲ့ ငါ တွေဝေမိန်းမောနေတုန်း အသံက ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။ ငါ့အသည်းနှလုံးတစ်ခုလုံး တုန်ခါသွားပြီး တွေးလိုက်မိတယ်။ ငါတို့ကိုရှာတွေ့သွားပြီလား?

ငါးမိနစ် ခြောက်မိနစ် ကြာပြီးနောက်မှာ အရမ်းကို အတိတ်နိမိတ်မကောင်းသလို ကြည်လင်ပြတ်သားလှတဲ့ "ဂီးဂီး"ဆိုတဲ့ အသံတစ်ခု ငါတို့ဘေးကနေ ရုတ်တရက် ထွက်ပေါ်လာတယ်။ အရမ်းကို ကြည်လင်ပြတ်သားပြီး ကွဲပြားနေတော့တာပဲ။ ဘုရားရေ... ငါ့နားတည့်တည့်ကနေ ထွက်နေတာဟ! ငါ့ရဲ့ ဦးရေတစ်ခုလုံး ကျဉ်တက်သွားပြီး အော်ဟစ်မိမှာစိုးလို့ ပါးစပ်ကို အားကြီးနဲ့ပိတ်ထားလိုက်ရင်း ချွေးအေးတွေက ငါ့အဝတ်အစားတွေမှာ ရွှဲနစ်လာခဲ့တယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now