27

142 17 0
                                    

#Unicode
အခန်း (၂၇)
အလိမ်အညာများ
<<<<<

ငါလည်း မျက်နှာသေပြောတာကြားတာနဲ့ လျှို့ဝှက်သဲလွန်စတစ်ခုကို ဖော်ထုတ်လိုက်နိုင်သွားတဲ့ပုံနဲ့ ငါ့ခေါင်းထဲအတွေးတစ်ချက်လက်သွားရတယ်။
"ဒီနှစ်ယောက်က နောက်ဆုံးအချိန်မှာအလဲခံလိုက်ရတာလား?"
အံ့အားတကြီးနဲ့မေးမိတာပေါ့။

မျက်နှာသေက အလောင်းကိုကြည့်ပြီး ခေါင်းငြိမ့်ပြတယ်။
"ဒီလူက လုနိုင်ငံရဲ့ဘုရင်ရှန်းကို တစ်လျှောက်လုံးလှည့်စားနိုင်ခဲ့တာ... သူက လုနိုင်ငံရဲ့ဘုရင်ရှန်းရဲ့ အစွမ်းပကားကိုသုံးပြီး သူကိုယ်တိုင်အတွက် ထာဝရရှင်သန်ခြင်းကို လိုချင်ခဲ့တာလေ..."

"မင်းက ဒါတွေအကုန်လုံး ဘယ်လိုလုပ်သိနေတာလဲ? မသိရင် မင်းကိုယ်တိုင် ကြုံခဲ့ရတဲပုံနဲ့..."

မျက်နှာသေက ခေါင်းခါလိုက်တယ်။
"ငါကိုယ်တိုင်ကြုံခဲ့ရတာမဟုတ်ဘူး... ဟိုးအရင်နှစ်တွေတုန်းက စုန့်ခေတ်က သချိုင်းဂူတစ်ခုကို ဖောက်ထွင်းတုန်းက နိုင်ငံများစွာစစ်မက်ဖြစ်ပွားချိန်ကာလက ပြီးပြည့်စုံတဲ့ ပိုးသားစာအုပ်အတွဲလိုက်တွေကို ရှာတွေ့ခဲ့တယ်... အဲ့ဒါတွေက ထိုက်မြန်ရှန့်ရှန်းရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိဖြစ်နေတယ်... သူက ဘုရင်ရှန်းကို အစီအစဉ်တွေအကုန်ပြောပြပြီးတာနဲ့ သူ့အိမ်ကိုမီးရှို့လိုက်ပြီး သူဖုန်းစားတစ်ယောက်ရဲ့ အလောင်းကို မီးထဲပစ်ချလိုက်ပြီး သူကိုယ်တိုင်ပါ သူ့မိသားစုတွေနဲ့အတူ မီးလောင်သေဆုံးသွားတဲ့ပုံ လုပ်ခဲ့တယ်တဲ့... အဲ့နောက်မှာတော့ သူဖုန်းစားအယောင်ဆောင်ရင်း သေခြင်းတရားကနေ လွတ်မြောက်သွားခဲ့တယ်... လုနိုင်ငံရဲ့ဘုရင်ရှန်းက ဒါတွေအကုန်လုံး တစ်ခုခုတော့မှားနေတယ်လို့ ခံစားနေရပေမဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး... ထိုက်မြန်ရှန့်ရှန်းက လုနိုင်ငံရဲ့ဘုရင်ရှန်း မြှုပ်နှံခံရတဲ့အချိန်အထိစောင့်ပြီး သင်္ချိုင်းဂူထဲကို အလွယ်တကူခိုးဝင်ခဲ့တယ်... ပြီးတော့ ဘုရင်ရှန်းရဲ့ ပြန်မခုခံနိုင်တဲ့ခန္ဓာကိုယ်ကနေ မြှုပ်နှံကျောက်စိမ်းချပ်ဝတ်ကို ချွတ်ယူပြီး သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ခဲ့တယ်... လုနိုင်ငံရဲ့ဘုရင်ရှန်းက ဒီလောက်အထိရောက်လာနိုင်အောင် ကြိုးစားပမ်းစားလုပ်ခဲ့ပေမဲ့ အဆုံးမှာတော့ ထိုက်မြန်ရှန့်ရှန်းကပဲ အကုန်လုံးကို စံစားလိုက်ရတယ်လေ... ဘုရင်ရှန်းလည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ တစ်ခါမှထင်ထားမိမှာမဟုတ်လောက်ဘူး..."

Daomu Biji (Myanmar Translation)Where stories live. Discover now