22

128 20 0
                                    

#Unicode
အခန်း(၂၂)
ရတနာရှစ်ပါးသေတ္တာ
<<<<<

ခရမ်းရွှေရောင်သေတ္တာလေးက ထိကိုင်ကြည့်ရတာ လေးလံနေပြီး ရတနာရှစ်ပါးသေတ္တာ(1)ထဲမှာ အကြီးဆုံးငွေသေတ္တာနဲ့တူနေတယ်ဆိုပေမဲ့ (သေတ္တာရှစ်ခုထဲမှာဗုဒ္ဓ၏အမွေတော်ရှစ်ပါးပါဝင်တယ်) ဒါက နည်းနည်းတော့ပိုသေးတယ်။ အဲ့ဒီ့အချိန်တွေတုန်းက တရုတ်ပြည်မှာ ဗုဒ္ဓဘာသာကိုမိတ်မဆက်ရသေးဘူး ဒီတော့ ဒီသေတ္တာထဲမှာ ဓာတ်တော်မွေတော်တွေ မပါတာသေချာတယ်။ သေတ္တာကိုလှုပ်ခါကြည့်လိုက်ပေမဲ့ အထဲမှာရှိနေတဲ့ဟာက ဘာအသံမှထွက်မလာဘူး။ ဒီသေတ္တာထဲမှာ ဖက်တီးပြောပြတဲ့ တစ္ဆေချိပ်တံဆိပ်ဆိုတာများ ပါနေမလား? ငါတွေးလိုက်မိတာပေါ့။

သော့က အမျိုးသမီးအလောင်းရဲ့ပါးစပ်ထဲမှာ ရှိနေတုန်းပဲဆိုတော့ ငါ့ကိုယ်ငါစိတ်ငြိမ်အောင် အချိန်ခဏယူပြီး အသက်ပြင်းပြင်းရှူသွင်းပြီးမှ ငါ့ရဲ့လက်ချောင်းနှစ်ချေင်းကို သူမရဲ့လျှာအောက်ကိုထည့်လိုက်ပြီး သော့ကိုကိုင်ရင်း ဖြေးဖြေးချင်းဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ သော့က သူမပါးစပ်ထဲကနေ လုံးဝထွက်မလာရသေးချိန်မှာ ပါးလျတဲ့ပိုးကြိုးလိုကြိုးတစ်မျိုးကို သော့မှာချည်ထားပြီး ကြိုးက သူမရဲ့လည်ချောင်းအတွင်းထဲအထိရှိနေကြောင်း မြင်လိုက်ရတယ်။ ချက်ချင်းဆိုသလို တစ်ခုခုမှားနေမှန်း သတိထားမိသွားတော့တာပေါ့။ ဒီကြိုးရဲ့အဆုံးမှာ တစ်ခုခုနဲ့တွဲချည်ထားနဲ့ပုံပေါက်နေတယ်လေ။

ငါ့အဘိုးပြောဖူးတာကတော့ ရှန်းမင်းဆက်ခေတ်မှာ ပါရမီရှင်တရုတ်လက်မှုပညာရှင်တွေက လူ့အလောင်းတွေထဲမှာ ဒူးလေးအသေးစားလေးတွေထည့်ထားပြီး ရွှေကြိုးနဲ့ချည်ထားတတ်တယ်တဲ့။ သင်္ချိုင်းဖောက်သူခိုးတစ်ယောက်က အလောင်းရဲ့ပါးစပ်ထဲ ဒါမှမဟုတ် စအိုဝထဲက ကျောက်စိမ်းအစို့ ဒါမှမဟုတ် အဖိုးတန်ပုလဲကို ဆွဲထုတ်လိုက်တာနဲ့ စက်ယန္တရားကိုအသက်သွင်းမိပြီး ဒူးလေးက ချက်ချင်းကိုပစ်တော့တာပဲတဲ့။ သင်္ချိုင်းဖောက်သူခိုးတွေက များသောအားဖြင့် အလောင်းနဲ့ အရမ်းကိုနီးနီးကပ်ကပ်ရပ်တတ်တာမလို့ အဲ့လို ပစ်ခတ်မျိုးကို လွတ်အောင်ရှောင်ဖို့က မဖြစ်နိုင်သလောက်ပဲ။ အဲ့လိုစက်ယန္တရားတွေကြောင့် သင်္ချိုင်းဖောက်သူခိုးတွေ ဘယ်နှယောက်တောင် သေပြီးသွားပြီလဲ ဘယ်သူမှမသိနိုင်ဘူး။

Daomu Biji (Myanmar Translation)Where stories live. Discover now