4

204 28 0
                                    

#Unicode
အခန်း(၄)
အလောင်းဥမင်
<<<<<

ဒီလူတွေက အန္တရာယ်ရှိတဲ့ကိစ္စတွေကို နှစ်တွေအကြာကြီး ရင်ဆိုင်လာခဲ့ကြတဲ့သူတွေဆိုတော့ အရမ်းကျွမ်းကျင်နေကြပြီလေ။ ဒါကြောင့်ပဲ သူတို့ကိုအပြည့်အဝယုံကြည်တာပေါ့။ ဖန်ကျစ် ငါ့နားကိုကပ်ပြောလာရော အခြေအနေကို ချက်ချင်းသတိပြုမိသွားတော့တယ်။ တကွေ့ဆိုတဲ့ လူထွားကြီးကလည်း ငါ့ကို နောက်ဆုတ်နေပြီး ပြဿနာထဲဝင်မပါမိစေနဲ့ဆိုတဲ့ အကြည့်နဲ့ကြည့်လာတယ်။

ငါမပြုံးပဲမနေနိုင်တော့ဘူး။ ငါက ဘာကြောင့်နဲ့များ ပြဿနာရှာချင်ရမှာလဲ? တကွေ့က နွားတစ်ကောင်ကို လက်သီးတစ်ချက်အမှောက်သိပ်နိုင်သလို ဖန်ကျစ်ကလည်း တစ်ကိုယ်လုံးအမာရွတ်တွေပြည့်နေတဲ့ စစ်မှုထမ်းဟောင်းကြီး။ ပြီးတော့ ဦးလေးသုံးဆိုတာက ငယ်ငယ်ကတည်းက အားတိုင်းရန်ဖြစ်နေကြလူမျိုး။ အကြင်နာတရားတစ်စက်မှပြနေမှာမဟုတ်တဲ့ အ နေတဲ့ ကောင်စုတ်လည်းရှိသေးတယ်။ ငါကလား... ရှေးခေတ်ကတည်းက ကျောင်းတော်သားတွေဆိုတာ ရန်ပွဲထဲမှာ အသုံးမဝင်ဆုံးလူတွေပဲလေ။

ဦးလေးသုံးက အနားကပ်လာပြီး ငါ့လက်ထဲကို စစ်တပ်သုံးဓားတစ်ချောင်းထည့်ပေးသွားတယ်။ ဒါပေမဲ့ ဓားကအရမ်းလေးပြီး ကိုင်ရတာတစ်မျိုးကြီးပဲ။ ဒါကိုဘယ်လိုသုံးရမှာလဲမသိဘူး?

တခြားဘာကိုသုံးပြီးတော့ ငါ့ကိုယ်ငါ ခုခံကာကွယ်ရမလဲလို့ တွေးနေတုန်းမှာပဲ လုတန်တန်က ဗွမ်းဗွမ်းမြည်အောင် ကူးခတ်ရင်း ပြန်လာလေတယ်။ လူအိုကြီးကလည်း သူ့ရဲ့ဆေးတံကြီးကို ဘောင်းဘီအဖျားနားမှာ ရိုက်ချလိုက်ပြီး ပြောလာတယ်။
"သွားကြစို့! လှေလာနေပြီ..."

ဝမ်းပြားလှေနှစ်စင်းက တောင်တွေအနောက်ဘက်ကနေ အတန်းလိုက်ထွက်ပေါ်လာတယ်။ ငါတို့ရှေ့က လှေပေါ်မှာတော့ လက်ထဲက ဝါးလုံးကိုသုံးပြီး မြစ်ကြမ်းပြင်ကိုထောက်ရင်း လှေကိုရွေ့အောင်လုပ်နေရင်းနဲ့ ငါတို့ကိုအော်ဟစ်နေတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေတယ်။ လှေတွေကအတော်လေးကို ကြီးမားပြီး ငါတို့အပါအဝင် ငါတို့ပစ္စည်းတွေအကုန်လုံးကိုပါ တင်နိုင်လောက်အောင် ကြီးတယ်။ လူအိုကြီးက နွားသိုးကို ပုတ်လိုက်ပြီးပြောလာတယ်။
"မင်းတို့ကောင်တွေ ပစ္စည်းတွေအကုန်တင်စရာမလိုဘူး.... ဒုတိယလှေပေါ်မှာ နွားတွေရော နွားလှည်းပါတင်လိုက်မယ် ငါတို့အကုန်လုံးက ပထမလှေပေါ်မှာထိုင်ကြတာပေါ့... အင်အားချွေတာလို့ရတုန်း ချွေတာထားကြပေါ့..."

Daomu Biji (Myanmar Translation)Where stories live. Discover now