28

130 12 0
                                    

#Unicode
အခန်း(၂၈)
မီး
<<<<<

မျက်နှာကြီးက ပုံပျက်ရှုံ့တွနေတယ်။ အရေပြားတစ်ခုလုံး အရေပျော်ပြီး အောက်ဘက်က ကြွက်သားတွေပေါ်နေတာလား တစ်ကိုယ်လုံးသွေးတွေစိမ့်ထွက်နေလို့ မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးနေတာလားဆိုတာ မသိပေမဲ့ ဒီမျက်နှာကြည့်ရတာ အတော်လေး ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်။ သေချာလည်းကြည့်လိုက်မိရော အဲ့ဒါကြီးက တကွေ့ဖြစ်နေကြောင်း အထိတ်တလန့်ဖြစ်စွာနဲ့ သိခဲ့ရတယ်။ လူကောင်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုပုံပြောင်းသွားရတာလဲ?

ခုနက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ခေါင်းဘယ်ဘက်အခြမ်းကနေ အရေပြားကိုထိုးဖောက်သွားပြီး သူ့ဦးခေါင်းခွံကို ပေါက်ကွဲသွားစေခဲ့ပေမဲ့ ကြည့်ရတာတော့ သူ့ဦးနှောက်က ဒဏ်ရာရမသွားတဲ့ပုံပဲ။ သူပြင်းပြင်းထန်ထန်ဒဏ်ရထားတယ်ဆိုပေမဲ့ သေမယ့်ပုံမပေါက်နေတာကြောင့် အရမ်းကိုအပျော်လွန်သွားရတယ်။
"ဒီကိုမြန်မြန်လာခဲ့..."
ငါသူ့ကိုပြောလိုက်တယ်။
"ကျွန်တော်တို့ ခင်ဗျားကို ကယ်နိုင်လောက်သေးတယ်!"

ဒါပေမဲ့ သူက လုံးဝကိုမလှုပ်လာခဲ့ဘူး။ အဲ့ဒီ့အစား သူ့ကိုစွန့်ပစ်ထားခဲ့ပြီး သူမပါပဲထွက်ပြေးသွားလို့ နာကျည်းနေတဲ့ပုံနဲ့ အမုန်းတရားတွေပြည့်လျှံနေတဲ့ မျက်လုံးတွေနဲ့ ငါ့ကိုစိုက်ကြည့်နေတယ်။ ငါလည်း ချက်ချင်းကိုကြောက်လန့်သွားခဲ့ပေမဲ့ ငါဘာမှမလုပ်လိုက်နိုင်သေးခင်မှာ သူက ငါ့လက်ကိုဆုပ်ကိုင်ပြီးသွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ပေါ်က သွေးနီရောင်တွေက ငါ့လက်ပေါ်ကို ခပ်မြန်မြန်ပျံ့နှံ့လာပြီး ချက်ချင်းဆိုသလို မီးအပူဟပ်သလို နာကျင်ယားနာမှုကို ခံစားလိုက်ရတယ်။ ငါတော့သွားပြီ!

တကွေ့က သူ့လည်ချောင်းထဲကလာတဲ့အသံနဲ့ မသဲမကွဲအသံတစ်ခုပြုလုပ်လိုက်ပြီး ငါ့ကို အောက်ကိုဆွဲချတော့တယ်။ သူ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေ အရည်ပျော်သွားခဲ့တဲ့ မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်ပြီး ထိပ်ထိပ်ပျာပျာဖြစ်လာမိတာပဲ။ သူ့လက်ထဲကနေ ရအောင်ရုန်းလိုက်နိုင်ခဲ့ပေမဲ့ သူက ငါ့ခြေထောက်ကို ရအောင်ဆုပ်ကိုင်လိုက်နိုင်ပြီး ငါတို့အတူ မြေမြှုပ်ခံရသင့်တယ်လို့ ပြောနေသယောင် သူ့ပါးစပ်ကိုကျယ်ကျယ်ဟလိုက်တယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now