14

139 19 1
                                    

#Unicode
အခန်း(၁၄)
မျက်နှာသေ
<<<<<

ဟိုလူက ချောင်းဟန့်လိုက်တယ်။
"ရဲဘော်တို့... ကြည့်ရတာတော့ ငါက မင်းတို့တွေကို ဒီပြဿနာထဲဆွဲသွင်းမိတဲ့ပုံပဲ... အခုတော့ ငါတို့အကုန်လုံး ဒီမှာပဲသေရတော့မယ်... ဖက်တီးဆိုတဲ့ငါက ဘာကိုမှမကြောက်တတ်ဘူးဆိုပေမဲ့ ဒီလိုသေရမယ်လို့တော့ တကယ်မမျှော်လင့်ထားခဲ့မိဘူး...."

သူ့တစ်ကိုယ်လုံးကို ခေါင်းကနေခြေဖျားအထိ အနက်ရောင်အဝတ်တွေနဲ့ ဖုံးအုပ်ထားပြီး အမှောင်ထုထဲမှာ သူ့ကိုသေချာမမြင်ရပေမဲ့ ငါလည်း အနီးကပ်သွားကြည့်မိရော သူက နည်းနည်းဝဖြိုးတဲ့ လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရတယ်။ အခုလို ဝတုတ်နေတဲ့လူတစ်ယောက်က သင်္ချိုင်းဖောက်သူခိုးတစ်ယောက် ဖြစ်နိုင်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။

ဖန်ကျစ်က ဆဲလိုက်တယ်။
"သောက်ဖက်တီးကောင်... မင်းက ဘယ်နေရာကနေ ရောက်လာတာလဲ? မင်းကို သေတဲ့အထိ ရိုက်သတ်ပစ်ချင်နေပြီ!"

မီးညှိတုတ်တွေ မီးငြိမ်းတော့မလို ဖြစ်လာတာကို မြင်တာနဲ့ ငါလည်း ငိုမိတော့မလိုပါခံစားလိုက်ရပြီး နှစ်ယောက်လုံးကို အော်ပစ်လိုက်တယ်။
"တစ်ခုခုမြန်မြန်လုပ်ကြပါဟ! မဟုတ်ရင် ဘယ်သူက ဘယ်သူ့ကိုရိုက်ရိုက် ပိုးကောင်တွေကပဲ ကြားထဲက အမြတ်ရသွားလိမ့်မယ်!"

ဖန်ကျစ်က ပတ်ဝန်းကျင်ကိုကြည့်ရင်း သူ့သေနတ်ကို ဖက်တီးဆီပေးလိုက်ပြီး ငါ့ကို မီးညှိတုတ်တစ်ခုကမ်းပေးလာတယ်။
"အစကတော့ ငါတို့အဝတ်တွေကို မီးရှို့လိုက်ရင် အချိန်အတော်ကြာ တောင့်ခံနိုင်လောက်တယ်ဆိုပေမဲ့... မီးညှိတုတ်က မီးတောက်က အခုဆို အရမ်းသေးသွားပြီဆိုတော့ အဝတ်တွေမီးမစွဲသေးခင် ငါတို့သေသွားနိုင်တယ်... သုံးအထိရေပြီးရင် ငါဒီပိုးကောင်တွေကို အာရုံလွှဲထားလိုက်မယ်... မင်းတို့က နံရံဆီပြေးပြီး အပေါ်ကိုခုန်တက်လိုက်ကြ.... အဲ့ဒီ့တံခါးပေါက်ကို ရောက်ချင်ရင် တစ်ယောက်က လူသားခြေနင်းလုပ်ပေးမှရမှာ... ဒါပေမဲ့ မင်းတို့တွေ အဲ့ဒီ့ပေါ်တက်ဖို့တော့ အချိန်မှီသွား လောက်မှာပါ... ငါမြန်မြန်လှုပ်ရှားလိုက်မယ်... မင်းတို့တွေ အပေါ်ကိုရောက်တာနဲ့ ငါပြေးလာခဲ့ပါ့မယ်... တစ်စက္ကန့်လေးတောင် အချိန်ဖြုန်းလို့မရဘူးနော်!"

Daomu Biji (Myanmar Translation)Where stories live. Discover now