32

113 13 0
                                    

#Unicode
အခန်း(၃၂)
ဧရာမမုန်တိုင်းကြီး
<<<<<

လီစစ်တိဆိုတဲ့လူက ရေကူးအရမ်းတော်တဲ့လူမလို့ ရေထဲမှာလုပ်ရတဲ့ အလုပ်မှန်သမျှကို ဦးဆောင်ဦးရွက်လုပ်ပေးရတဲ့လူလေ။
"မုန်တိုင်းအကြီးကြီးတစ်ခု လာနေတာဖြစ်လောက်တယ်... တစ်နာရီအတွင်း ဒီကိုရောက်လာနိုင်တယ်..."
သူ ပြောလိုက်တယ်။
"ပင်လယ်ရေမျက်နှာပြင် အောက်ကိုကျသွားတာ ဒါကြောင့်ပဲ... မိနစ်ပိုင်းအတွင်းမှာ လေဖိအားကြောင့် စုပ်ယူခံလိုက်ရတဲ့ ရေတွေအကုန်လုံးက ဆူနာမီအသေးစားတစ်ခုလိုပဲ တစ်ချိန်တည်းမှာ ပြန်ရောက်လာလိမ့်မယ်... ငါတို့မှာက ကယပ်လှေလေးသုံးစင်းပဲရှိတာကြောင့် အခြေအနေမဟန်မှာစိုးမိတယ်..."

အဲ့လူက ပညာသားပါပါနဲ့ပြောနေတယ်ဆိုပေမဲ့ တစ်ဖက်လူရဲ့ အမူအရာကိုကြည့်ပြီး အတော်လေးအခြေအနေဆိုးနေတယ်ဆိုတာကို ဦးလေးသုံးက သိနေခဲ့တယ်။ သူတို့အဖွဲ့ထဲကလူတွေက တကယ့်ကမ္ဘာကြီးကို မမြင်ဖူးတဲ့သူတွေဖြစ်တာကြောင့် လီစစ်တိပြောတာကို နားထောင်ပြီးတာနဲ့ ကြောက်လွန်းလို့သွေးဆုတ်သွားခဲ့ပြီး ကောင်မလေးတွေဆို ငိုပါငိုလာကြတယ်။

ဦးလေးသုံး ချန်းဝမ်ကျင်းရဲ့လက်ကိုကိုင်လိုက်တော့ ချွေးတွေစိုရွှဲနေတာကို မြင်လိုက်ရတယ်လေ။ ထုတ်မပြပေမဲ့ သူမလည်း တခြားလူတွေလိုပဲ ကြောက်နေတယ်ဆိုတာ သိသာနေတယ်။ ဦးလေးသုံးက ဒီလိုကိစ္စမျိုးတွေ မကြုံဖူးဘူးဆိုပေမဲ့ ကျွမ်းကျင်အဆင့် သင်္ချိုင်းဖောက်သူခိုးဆိုတော့ စိတ်ပိုင်းဆိုင်ရာက အတော်လေးသန်မာတယ်။ သူ့ကိုယ်သူလည်း အလန့်တကြားမဖြစ်နဲ့ အလန့်တကြားဖြစ်လိုက်တာနဲ့ ကိစ္စတွေအကုန်လုံး မျှော်လင့်ချက်မရှိဖြစ်ကုန်မယ်ဆိုပြီး သတိကပ်လိုက်တယ်။

သူ အရင်ဆုံး လူရေကြည့်လိုက်တယ်။ သူတို့ ဒီနေရာကိုလာတုန်းက စုစုပေါင်းလူဆယ်ယောက်ရှိတာဆိုပေမဲ့ တစ်ယောက်က သေသွားခဲ့ပြီး နောက်တစ်ယောက်က မတော်တဆမှုကို အစီရင်ခံဖို့ သင်္ဘောကိုယူသွားတာကြောင့် အခုလက်ရှိမှာ လူရှစ်ယောက်ပဲရှိနေတယ်။

ဦးလေးသုံးက လီစစ်တိကိုမေးလိုက်တယ်။
"မုန်တိုင်းက ဘယ်လောက်လောက်ကြာနိုင်လဲ?"

Daomu Biji (Myanmar Translation)Where stories live. Discover now