#Unicode
အခန်း(၁၀)
အရိပ်
<<<<<အစကတော့ ငါတို့ကိုခြောက်လှန့်ဖို့ တမင်တကာလုပ်နေတယ်လို့ ထင်ခဲ့ပေမဲ့ သူ့ရဲ့ အမူအရာနဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်အရ စနောက်တတ်တဲ့လူမျိုးနဲ့ တူမနေဘူး။ မျက်နှာသေက "ဂီးဂီး"ဆိုတဲ့ အသံကိုဆက်လုပ်နေပေမဲ့ သူ့ပါးစပ်လှုပ်ရှားနေတာကို လုံးဝမမြင်ရဘူး။ ငါတို့လေးယောက်လုံး သူ့ကိုလှည့်ကြည့်ပြီး အကြောက်ကြောက်အလန့်လန့်နဲ့ တုန်ရီနေမိတယ်။ ငါ့ဘာသာတွေးလိုက်မိတယ်။ ဖြစ်နိုင်တာက... မျက်နှာသေက လူယောင်ဆောင်ထားတဲ့ ဖုတ်ကောင်ကြီးများလား?
(အရယ်လွန်ပြီးသေဆုံး x-D )ဦးလေးသုံးက မျက်နှာသေရဲ့ မျက်နှာအမူအရာက ဆိုးဆိုးရွားရွား ပျက်ယွင်းနေတာကိုမြင်တာနဲ့ ဖန်ကျစ်ကို ဒယ်စောက်အိုးထဲကနေ ချက်ချင်းကိုဆွဲတင်လိုက်တယ်။ မျက်နှာသေလည်း ချက်ချင်းတိတ်ကျသွားပြီး သင်္ချိုင်းဂူကြီးတစ်ခုလုံးက သေလုအောင်တိတ်ဆိတ်သွားတော့တယ်။ အချိန်ဘယ်လောက်ကြာသွားလဲမသိပေမဲ့ ငါလည်း နည်းနည်းလောက်စိတ်မရှည်ဖြစ်လာရတယ်။ သူ့ကိုဘာတွေဖြစ်နေတာလဲဆိုပြီး မေးဖို့ လုပ်လိုက်တဲ့အချိန်မှာ ခေါင်းတလားကြီးရဲ့အဖုံးက ပွင့်လာပြီး ကြမ်းကြမ်းတမ်းတမ်းလှုပ်ရမ်းလာတော့တယ်။ အဲ့နောက်မှာတော့ ငါ့အဘိုး သူ့မှတ်စုစာအုပ်တွေထဲမှာ ထည့်ရေးလေ့ရှိတဲ့ အသံနဲ့ဆင်တူတဲ့ ရင်တထိတ်ထိတ်ဖြစ်စေတဲ့အသံတစ်သံထွက်ပေါ်လာတယ်။ အဲ့ဒီ့အသံက ဖားတွေအော်တဲ့အသံနဲ့ တကယ်တူတယ်။
တကွေ့က ခေါင်းတလားအဖုံးကြီးပွင့်လာတာလည်းမြင်ရော ကြောက်လွန်းလို့ ဘုန်းကနဲနေအောင် ဖင်ထိုင်ရက်လဲကျသွားခဲ့တယ်။ ငါလည်း ခြေထောက်တွေမခိုင်တော့ဘဲ လဲမလိုဖြစ်သွားရတယ်။ ဦးလေးသုံးကတော့ နေရောင်အောက်ကအရာတိုင်းကို မြင်ဖူးတာကြောင့် ခြေထောက်တွေတုန်နေပေမဲ့ လဲမသွားခဲ့ဘူး။
မျက်နှာသေက အဲ့ဒီ့အသံကိုလည်းကြားရော မျက်နှာအမူအရာက အရမ်းကိုအကျည်းတန်သွားပြီး ခေါင်းတလားကြီးဆီကို မျက်နှာမူရင်း ဒူးထောက်ချပြီးဂါရဝပြုလိုက်တယ်။ သူလုပ်နေတာကို မြင်တာနဲ့ ငါတို့လည်း ချက်ချင်းဒူးထောက်ချပြီး ဂါရဝပြုလိုက်ကြတယ်။ မျက်နှာသေက ခေါင်းမော့ပြီး ထူးဆန်းတဲ့အသံတွေအတွဲလိုက်ကို မန္တန်ရွတ်သလို ပြောလိုက်တယ်။ ချွေးအေးတွေစီးကျနေတဲ့ ဦးလေးသုံးက တိုးတိုးလေးမေးလာတယ်။
"သူ အခေါင်းကြီးကိုစကားပြောနေတာလား?"
YOU ARE READING
Daomu Biji (Myanmar Translation)
AdventureDescription ရာစုနှစ်များစွာ သင်္ချိုင်းဖောက်သူခိုးဖြစ်ခဲ့ကြသော မိသားစုလုပ်ငန်းကို အမွေဆက်ခံခဲ့သည့် ဝူရှဲ့ဟုအမည်ရသော လူငယ်လေး၏ စွန့်စားခန်းဝတ္ထုဇာတ်လမ်းတွဲဖြစ်သည်။ Anime, Manhuaအပြင် Live Actionအဖြစ်ပါ ထွက်ရှိထားသည်။ **** Anime name Daomu Biji: Qinli...