သူ ဘယ်သူလဲ?
ဘာသာပြန် - Zeus
အခန်း(၆)
လီချန်ချင်းသည် သူတို့လာမယ်မှန်း ကြိုသိထားလေသည်။
သားဖြစ်သူမှာ ပန်းပုရုပ်ထုလေးတခုကို ငွေစငါးထောင်တောင် ပေးဝယ်မှတော့ မိဘတွေကိုယ်တိုင်လိုက်လာပြီး ငွေပြန်တောင်းမှာပဲလေ။
ထို့ကြောင့် လီချန်ချင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်လေ၏။
ယန်ယွီရှစ်၏ အပြုအမူများမှာ လွန်စွာ ရိုသေခြင်းကိုလည်း သူ မအံ့ဩနေပါချေ။အဘယ်ကြောင့်ဆိုသော် သူတို့က ငွေပြန်တောင်းဖို့ ရောက်လာကြသည်မဟုတ်ပါလား။သူတို့၏ အပြုအမူများမှာ ယဉ်ကျေးနေကြမည်မှာ ပုံမှန်သာ ဖြစ်၏။
သူတို့သည် ဆိုင်ထဲသို့ ရောက်လာပြီးနောက်တွင် ဆိုင်ရှိ ခင်းကျင်းပြသထားသည့် ပစ္စည်းများကို မြင်သည့်တိုင် ဘာတခွန်းမျှ မပြောကြပါချေ။
လီချန်ချင်း တယောက် အနောက်သို့ လှည့်ကာ သစ်သားသေတ္တာလေးထဲမှ ငွေငါးထောင်ကို ထုတ်ယူနေစဉ်အချိန်တွင် ယန်ပါးထောင်က သားဖြစ်သူ ယန်ယွီရှစ်အား မျက်စပစ်လိုက်လေသည်။
ဘုတ် (ဒူးထောက်ကျသံ)
ယန်ယွီရှစ်သည် ချက်ချင်းကို ဒူးထောက်ချလိုက်တော့လေ၏။
"မင်းဘာလုပ်နေတာလဲ" လီချန်ချင်းသည် ထို ဒူးထောက်ချလိုက်သော အသံကြောင့် ရုတ်တရက် ထိတ်လန့်သွားခဲ့လေတော့၏။ငွေပြန်အမ်းရန်အတွက် ထိုမျှ ကြီးလေးသော အပြုအမူမျိုးကို တဖက်လူဖက်က လုပ်လိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ပါချေ။
"မနေ့ကတုန်းက ဒီကလေးက မသိနားမလည်ပဲ ဟောဒီ့က ဆရာကြီး အပေါ်ကို ရိုင်းပျမိခဲ့ပါတယ်။ဒီနေ့ ဒီကလေးက ရိုင်းပျမှုအတွက် လာတောင်းပန်တာပါ"
ယန်ယွီရှစ်သည် ပြတ်သားစွာဆိုလိုက်ပြီးနောက် နဖူးနှင့် မြေကြီး ထိအောင် ဝပ်တွားလိုက်လေတော့၏။
"ဟမ်?" လီချန်ချင်းသည် ယန်ယွီရှစ်၏ စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားခဲ့လေ၏။
စော်ကားမိလို့ လာတောင်းပန်းတယ်ဆိုတာက ဘာကြီးလဲ?
"ဆရာကြီးခင်ဗျား ကျုပ်တို့ ယန်မိသားစုဝင်တွေ ဒီနေ့ ရောက်လာခဲ့ရတာကတော့ ဒီကလေးရဲ့ မသိနားမလည်ပဲ ပြုမူခဲ့တဲ့ အပြုအမူတွေ အတွက် လာပြီး တောင်းပန်တာပါ"
YOU ARE READING
သူ ဘယ်သူလဲ
Fantasyမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...