အခန်း (၆၃) လီချန်ချင်း၏ သက်သေပြခြင်း
လီချန်ချင်း၏ လက်များက ညစ်ပတ်မနေသော်လည်း သူက စာကိုလှမ်းမယူခင် သူ့လက်များအား ဝတ်ရုံနှင့် ပွတ်သပ်နေဆဲဖြစ်သည်။
သူက ဝမ်ရှုမျှော်စင်ရှေ့ရှိ လှေကားထစ်များပေါ်၌ ထိုင်ချခဲ့သည်။
"မဟာ အကြီးအကဲ ဒီမှာ ထိုင်ခုံတွေရှိပါတယ် " ယန်ပါးထောင်က ထိုင်ခုံတစ်လုံးကို အမြန်ရွေ့ခိင်ခဲ့သော်လည်း လီချန်ချင်းက သူ၏ လက်ကိုဝှေ့ယမ်းကာ ကိစ္စမရှိဘူးဟု ပြသခဲ့ပြီး စိတ်အားထက်သန်စွာဖြင့် စာကို ဖွင့်လိုက်သည်။
သူ၏ မွေးစားသားလေးက ယခုလတ်တလော ဘာတွေလုပ်နေလဲဆိုသည်ကို သူသိချင်ခဲ့သည်။
လီချန်ချင်းသည် စာကို အေးအေးဆေးဆေးဖတ်နေခဲ့ပြီး ဝမ်ရှုမျှော်စင်၌ စာဖတ်ခြင်းထက် ပို၍ လေးနက်နေခဲ့သည်။
စာထဲ၌ လီဟမ်ရှန်း၏ တိုက်ရိုက်တပည့်အဖြစ် နားလည်ရခက်ခဲသည့် ဝင်ခွင့်ပြုခြင်း အပါအဝင် ရှေးဟောင်းတာအိုတောင်နယ်မြေရှိ လတ်တလော အဖြစ်အပျက်များအား အသေးစိတ်ရေးထားခဲ့သည်။
ထို့အပြင် သူက သိုင်းကျင့်စဉ်အသစ်တစ်ခုကိုပင် ဖမ်းဆုပ်နိုင်ခဲ့ပြီး အလွန်အစွမ်းထက်သည့် ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်။
သူက တိုက်ရိုက်တပည့်ဖြစ်လာခြင်းကြောင့် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ သူအရင်ကရရှိခဲ့သည်ထက် များစွာသာလွန်ပေသည်။
သူက စာထဲ၌ လီချန်းချင်းပေးပို့ခဲ့သည့် ငွေလက်မှတ်များအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောထားခဲ့သည်။
သူက လီချန်ချင်းအား ကျန်းမာရေးဂရုစိုက်ရန် တိုက်တွန်းခဲ့ပြီး လီချန်ချင်း လတ်တလောသုံးရန်အတွက် ငွေစ 400 ကို ပြန်လည်ပေးပို့ခဲ့ပြီး
ESTÁS LEYENDO
သူ ဘယ်သူလဲ
Fantasíaမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...