အခန်း (၁၁၆)

124 13 0
                                    

သူ ဘယ်သူလဲ

အခန်း (၁၁၆)

“ယန်ပါးထောင်ကို ငါ့ဆီကို လွှတ်လိုက်တော့” လီချန်ချင်းက အပျင်းတချက်ဆန့်ကာ လက်ဖက်ရည်တအိုးတည်လိုက်သည်။

လီချန်ချင်း တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာသည်ကို ကြားသည်နှင့် ယန်ပါးထောင်မှာ လီချန်ချင်ထံသို့ အလျင်အမြန်ပင် ရောက်လာခဲ့လေ၏။ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ယန်ပါးထောင်မှာ အိပ်မက်ထဲတွင် နေထိုင်နေရသလို ခံစားခဲ့ရတော့လေသည်။ ထို့ကြောင့် သူက လီချန်ချင်းအား အလျင်အမြန်ပင် တွေ့ချင်နေခဲ့တော့သည်။

“မဟာအကြီးအကဲ”

လီချန်ချင်းကို တွေ့သည်နှင့် ယန်ပါးထောင်က တလေးတစားနှင့် အရိုအသေပြုလိုက်တော့၏။

“ထိုင်ပါဦး” လီချန်ချင်းက ပြောလိုက်သည်။

“အကြာကြီး ပျောက်နေမိလို့ တောင်းပန်ပါတယ်။ အခြေအနေတွေက ဘယ်လိုတွေ ဖြစ်နေပြီလဲ။ ကုန်သွယ်‌ရေးလုပ်ငန်းကကော အခြေအနေကောင်းရဲ့လား”

“အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ” ယန်ပါးထောင်က ဖြေလိုက်လေသည်။ သူ့မျက်နှာမှာ လီချန်ချင်းကို ကြည့်ရင်း  လေးစားမှုကြောင့် အရောင်လင်းလက်လာခဲ့လေသည်။

“မဟာအကြီးအကဲရဲ့ စီစဉ်ထားမှုတွေအားလုံးက အသေးစိတ်ကျလွန်းပါတယ်။ အစီအစဉ်တွေကြောင့်ပဲ ကျုပ်တို့တွေက ဘာမှတောင် သိပ်မလုပ်လိုက်ကြရပါဘူး။ ဒါပေမယ့် အရာအားလုံးက အစီအစဉ်အတိုင်းပါပဲ။ တခြားအင်အားစုက ခေါင်းဆောင်တွေက ကျုပ်တို့ကို အကျိုးအမြတ်တွေ မပေးပဲ မနေရဲခဲ့ပါဘူး။ ဒီမှာ ကျုပ်စာရင်းလုပ်ခဲ့ပါတယ်”

လီချန်ချင်း: “???”

ဒီလူ ဘာတွေလာပြောနေတာလဲဟ

ငါတို့ပြောနေတာက အကြောင်းအရာတခုတည်းတွေမှ ဟုတ်ရဲ့လား

နေစမ်းပါဦး ငါ့ကို အားကျလွန်းလို့ အရောင်တဖိတ်ဖိတ်တောက်နေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ ဘာဖြစ်လို့ ကြည့်နေရတာလဲ

သူ ဘယ်သူလဲWhere stories live. Discover now