၅၈

229 22 1
                                    

အခန်း (၅၈)

လွန်ခဲ့သော နှစ်တထောင်လောက်တုန်းကသာ တယောက်ယောက်က ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားကနေ သိုင်းပညာကို နားလည်နိုင်ခဲ့တာလေ။

နောက်ထပ် နှစ်တထောင်ကြာတဲ့အထိ ဘယ်သူကမှ ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားကို လှုပ်ရှားမှု သေးသေးလေးဖြစ်အောင်‌တောင် မလုပ်နိုင်ခဲ့ဘူး။ ငါကိုယ်တိုင် သွားပြီး ကြိုးစားကြည့်မယ်ဆိုရင်တောင်မှ အကျိုးရှိမှာ မဟုတ်ဘူး။

အခု မမျှော်လင့်ပဲနဲ့ တယောက်ယောက်က ‘အင်မော်တယ်တပါးကို ကျောက်တောင်ပေါ်မှ ငေးကြည့်ခြင်း’ ပန်းချီကားကနေပြီး သိုင်းပညာကို တကယ်ကြီး နားလည်နိုင်ခဲ့တာလား”

ဒါက ဘယ်လိုမှ လက်သင့်မခံနိုင်စရာကြီးပဲ

လီဟမ်ရှန်းတယောက် မျော့လွင့်ခန်းမကို လာတုန်းက သူ့ရဲ့ ပါရမီက သာမန်လို့ပြောရင်တောင်မှ ချဲ့ကားပြောရာကျလောက်တဲ့အထိကို နိမ့်ကျနေတာလေ။

အဲ့လိုဖြစ်နေတာတောင်မှ လူတိုင်းမလုပ်နိုင်ခဲ့တာကို သူက လုပ်နိုင်သွားခဲ့သေးတယ်။

ဒါမျိုးကို အံ့ဩဖွယ်ဖြစ်ရပ်လို့ပဲ ခေါ်မှ ရမယ်

မျောလွင့်ခန်းမရှိ တိုက်ရိုက်တပည့်များသည်လည်း ခုနစ်ထပ်မှ အခန်းကိုမြင်သော် တုန်လှုပ်သွားခဲ့ကြ၏။

ဒီနေ့မှာ တယောက်ယောက်က အံ့ဩဖွယ်ဖြစ်ရပ်ကို ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။

ဘယ်သူလဲ

မျောလွင့်ခန်းမအ‌ရှေ့မှာတော့ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြချေပြီ။

သူ ဘယ်သူလဲUnde poveștirile trăiesc. Descoperă acum