သူ ဘယ်သူလဲ
ဘာသာပြန် - Zeus
အခန်း (၃၃) ရွှေလင်းလန်သားရဲ
၎င်းသည် ဝိဉာဉ်သားရဲ ဖြစ်၏။သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းများ တောက်ပနေပြီး မြေပြင်ပေါ်၌ ကိုယ်တဝက်ကို လှဲလျောင်းနေကာ ရှမူဟိုင်တို့အဖွဲ့အား သူ၏ အစွယ်များကို ဖြဲပြရင်း မာန်ဖီနေခဲ့လေသည်။
သူ၏ ယနေ့ အမဲလိုက်ရာတွင် ထိုကဲ့သို့ ပြသနာများသည့် ပြိုင်ဘက်များနှင့် တွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့ပုံမရချေ။
ရှမူဟိုင် လှုပ်ရှားမှုလုပ်လိုက်သည့်အချိန်မှာပင် ၎င်းသည် အန္တရာယ်အငွေ့အသက်ကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
၎င်း၏ လျင်မြန်လှသော အမြန်နှုန်းကြောင့်သာ မဟုတ်လျှင် ရှမူဟိုင်၏ လက်ဝါးချက်ကို ထိမှန်ကာ ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရရှိနေခဲ့ပြီ ဖြစ်သည်။ထိုလက်ဝါးချက်၏ ပြင်းအားကို ကြုံတွေ့ပြီးနောက်တွင် ၎င်းသည် ထိုလူဝကြီးမှာ လျော့တွက်၍ မရသောသူဖြစ်သည်ကို သိလိုက်တော့လေသည်။
“ဒါက…” မူချင်းကောက ရှေ့သို့တိုးလာကာ မျက်မှောင်ကြုံ့လိုက်လေ၏။
“ရွှေလင်းလန်သားရဲတကောင်ပါလား”
“အဲ့ဒါက ရွှေလင်းလန်သားရဲဖြစ်ပေမယ့် တကယ့်သားရဲအစစ်မဟုတ်ဘူး။ပန်းချီကားထဲက စိတ်ဝိဉာဉ်ပဲ” ရှမူဟိုင်သည် ဝိဉာဉ်သားရဲကို စိုက်ကြည့်နေရင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။
“ပန်းချီဝိဉာဉ်?”
မူချင်းကောသည် အနီးကပ်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“တကယ်ကိုပဲ”
ESTÁS LEYENDO
သူ ဘယ်သူလဲ
Fantasíaမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...