အခန်း (၃၈)

496 64 0
                                    

အခန်း (၃၈) ဓားရှည် ရွယ်ယွမ်

အကယ်၍ ထာဝရရှင်သန်သည့် သစ်ပင်၏ အရွက်များ ရှိနေပါက မူချင်းကော က ထိုဒဏ္ဍာရီလာ သစ်ရွက်ကို လေ့လာလိုပေသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရရှင်သန်ခြင်းသစ်ပင်၏ အရွက်များ၌ သေဆုံးပြီးသူများကို ပြန်လည်ရှင်သန်စေသည့် အစွမ်းရှိသောကြောင့်ဖြစ်သည်။

စိတ်မကောင်းစရာက ဤသို့သောအရာက အမှန်တကယ် ရှားပါးကာ ဆေးဘုရင်တောင်ကြား၏ သမိုင်းတစ်လျောက်၌ ထာဝရရှင်သန်ခြင်းသစ်ပင်နှင့် သက်ဆိုင်သည့် အရာတစ်ခုကိုမှ ပိုင်ဆိုင်ခဲ့ခြင်းမရှိ‌ခဲ့ပေ။

ဤ ထာဝရရှင်သန်ခြင်း သစ်သားမှာမူ ရတနာတစ်ခုဖြစ်သော်လည်း အသုံးမဝင်ချေ။

ဤထာဝရရှင်သန်ခြင်း သစ်ပင်၏ အပိုင်းအစ က နောက်ထပ်အရွက်သစ် လုံးဝ ထွက်လာတော့မည်မဟုတ်ပေ။

သို့သော်လည်း ဤအရာက အခြားသူများအတွက် အသုံးမဝင်သော်လည်း လီချန်ချင်း အတွက် ကောင်းမွန်သည့် ရတနာတစ်ခုဖြစ်ပေသည်။

ပန်းပုဆရာတစ်ယောက်၏ မျက်လုံးထဲ၌ ထိုကဲ့သို့ သစ်သားကောင်းမျိုးကို ပန်းပုထုရန် အသုံးမပြုခဲ့ပါက ဖြုန်းတီးခြင်းပင်ဖြစ်လေသည်။

" ကလေး ငါ့မှာ မင်း အတွက် ကောင်းတဲ့အရာတစ်ခုရှိတယ် " လီချန်ချင်းက ယင်ချန်းလီ ကို ကြည့်လိုက်သည်။

" အာ စီနီယာ က ကျွန်တော့်ကို တစ်ခုခု ပေးစရာရှိလို့လား " ယင်ချန်းလီ ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

" မိတ်ဆွေ ချန်ချင်း အဲ့လို ယဉ်ကျေးနေဖို့မလိုပါဘူး " မူချင်းကော က လျင်မြန်စွာပြောလိုက်သည်။ လီချန်ချင်းပေးသည့်အရာက ဘာပဲဖြစ်နေပါစေ သာမန်ထက် သာလွန်နေမည်ဆိုသည်ကို သူမ သိပေသည်။ ထိုကဲ့သို့ ကြီးမားသည့် အရာ ကို သူမ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ ။

"ကလေး မင်းတော့ ချမ်းသာပြီ ! " ရှုမင်ဟိုင် ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ လီချန်ချင်း ပေးလာသည့် အရာအားလုံးက သာမန်ထက်ထူးခြားသည်ကို သူက သိနေပြီးသားဖြစ်ပေသည်။

သူ ဘယ်သူလဲWhere stories live. Discover now