သူ ဘယ်သူလဲ
အပိုင်း (၅၁)လေးဆက်မြောက် တိုက်ရိုက်တပည့်
လူများရှုပ်ထွေးစွာသွားလာနေကြသော တောင်ခြေက မြင်ကွင်းထက် လက်ရှိနေရာက မြင်ကွင်းများမှာ ပိုမို၍ ရိုးရှင်းလှပေ၏။
“ဆရာက တခြားလူတွေလိုမျိုး ထုံထမ်းစဉ်လာတွေကို သိပ်မလိုက်နာတတ်ဘူး။အဲ့ဒါကြောင့် ဒီနေရာကပိုပြီး ရိုးရှင်းနေတာပဲ.”
တောင်ထိပ်တွင်တော့ လွန်စွာမှကို သာမန်ဆန်သော စံအိမ်တလုံး ရှိလေသည်။
တံခါးအရှေ့တွင် မြင်းကို ရပ်လိုက်ပြီးသည့်နောက်တွင် ကျိုးကျွင်းက လီဟမ်ရှန်းကို အထဲသို့ ဦးဆောင်ကာ ခေါ်သွားတော့လေသည်။
အထဲတွင်တော့ အိုးအကြီးကြီးတလုံးရှေ့တွင် တစုံတခုကို ချက်ပြုတ်နေသည့် ရှမူဟိုင်ရှိလေသည်။
အသား၏သင်းရနံ့မှာ ခြံအပြင်အထိကို သင်းပျံ့နေခဲ့တော့သည်။
“ဆရာ... ကျွန်တော်ပြန်လာပြီ”
ကျိုးကျွင်းမှာ အဝေးကတည်းက အသံကျယ်ကြီးနှင့် အော်နေခဲ့သည်။
“မင်းလာတာကို ငါသိပါတယ်ကွာ။ အသံကုန်အော်နေစရာ မလိုပါဘူး”
ရှမူဟိုင်က မော့၍ပင် မကြည့်ပဲ ဟင်းအိုးထဲမှ ကြက်သားကိုသာ အာရုံစိုက်နေခဲ့တော့သည်။
အချိန်အနည်းငယ်ကြာမှသာ သူက မော့ကြည့်လိုက်ပြီးနောက် လီဟမ်ရှန်းအား မြင်တွေ့သွားလေ၏။ရှမူဟိုင်သည် တူကို ချလိုက်ကာ ပြောလိုက်သည်။
“ဟမ်ရှန်း... မင်းကို ဘာလို့ခေါ်လိုက်လဲဆိုတာကို မင်းရိပ်မိလောက်ပြီပေါ့။မင်း ငါ့ရဲ့ တိုက်ရိုက်တပည့် ဖြစ်ချင်သေးလား”
CITEȘTI
သူ ဘယ်သူလဲ
Fantezieမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...