အခန်း (၁၀၂) တော်ဝင်မိသားစု ရောက်လာတယ်
" ဟုတ်ကဲ့ " အကြီးအကဲက လျင်မြန်စွာ အရိုအသေပေး၍ ပြောလိုက်သည်။ " မနက်ဖြန် ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းကို ခင်ဗျားရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက်ကို အသိပေးခိုင်းလိုက်ပါ့မယ် "
" ပြီးတော့ ဒီနေ့ သခင်ကြီးက လူတစ်ယောက်ကို ဒုတိယ သခင်လေးက ခုတစ်လော စိတ်အခြေအနေ မကောင်းဘူးလို့ ပြောခိုင်းလိုက်တယ်။ သခင်ကြီးရဲ့ ရည်ရွယ်ချက်က ဒုတိယ သခင်လေးကို အလုပ် တစ်ခုခု ရှိစေချင်နေတာ ဖြစ်လို့ သူက မင်းကို မဆုတ်မနစ်မြို့ က မင်ဟိုင်အခွဲ ကို ဒုတိယ သခင်လေးဆီ လွှဲပြောင်း ပေးစေချင်နေတယ် "
" ဟမ် "
" အဲဒီ အမှိုက်ကောင်ကိုပေါ့လေ " ဟိုင်တုံရှန့် ဟာ သူ့ညီကို သိသိသာသာပင် အထင်သေးပြီး အေးစက်စက် ပြောလိုက်တယ်။
" သူက ကလေးဘဝကတည်းက အမှိုက်ကောင် ဖြစ်လာတာကို ကြီးလာတော့လည်း အမှိုက်ကောင် ဖြစ်နေတုန်းပဲ။ သူ့မှာ ရည်မှန်းချက် လုံးဝ မရှိဘူး။ သူ မဆုတ်မနစ်မြို့ ကို ရွေးလိုက်တာကလည်း ရှေးဟောင်း တာအိုဂိုဏ်းနဲ့ နီးလို့ ဖြစ်နိုင်တယ် "
" သူက လုမိသားစု က မိန်းမကို ခုထိ မေ့လို့ မရသေးဘူးပေါ့။ အဲ့မိန်းမကဖြင့် တစ္ဆေမျိုးနွယ်စုက လူတစ်ယောက်နဲ့ ထွက်သွားတာတောင် သူက အဲ့မိန်းမအကြောင်း တွေးနေသေးတာလား။ သူကတော့ ဒီဘဝမှာ အရှုံးသမား တစ်ယောက်ဖြစ်ဖို့ ကံပါလာတာပဲ "
ယနေ့၌ ချန်ထင်မြို့တွင် အမျိုးသမီး တစ်ယောက်သည် အဖြူရောင် မြင်းကောင်း တစ်ကောင်ကို စီးလျက် ချန်ထင်မြို့သို့ ရောက်လာလေသည်။ ထိုမြင်းကို ဦးဆောင် လမ်းပြလာသူမှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ဖြစ်လေသည်။
ထိုအမျိုးသားသည် စစ်မြေပြင်မှ စစ်သားတစ်ယောက်ကဲ့သို့ ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်လုံးများရှိပြီး အားကောင်း၍ ရဲရင့်လေသည်။
KAMU SEDANG MEMBACA
သူ ဘယ်သူလဲ
Fantasiမိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်ပေါ်မှာ မာန်ကြွနေတဲ့ ကျွဲတကောင်ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားချပ်ကို ကြည့်ပြီးတော့ စွမ်းအားကြီးမားလှ...