အခန်း ၈၃

143 17 0
                                    

အခန်း (၈၃)  ချွေးမနှင့်တွေ့ဆုံခြင်း။

ချင်ကျူး တောင်သို့ ပြန်ရောက်ပြီးနောက် လီဟမ်ရှန်း သည် ထိုကိစ္စကို ထပ်ခါထပ်ခါတွေးတောနေခဲ့သည်။ အဆုံး၌ လီချန်းချင်း ကို စမ်းသပ်ရန် လိုအပ်နေသေးကြောင်း ခံစားနေရဆဲပင်ဖြစ်၏။

လီချန်ချင်း ထံသို့ပေးပို့မည့် သူရေးထားခဲ့သော အရင်စာကို ဆုတ်ဖြဲလိုက်ပြီး အသစ်တစ်စောင်ထပ်မံရေးသားလိုက်၏။

ဒီစာထဲမှာတော့ မကြာသေးမီက အဖြစ်အပျက်များအကြောင်းကိုလည်း ထည့်ရေးသားလိုက်ပြီး အဆုံး၌ စာကြောင်းတစ်ချို့ ထပ်ထည့်လိုက်တော့သည်။

အဖေ၊ အဖေ အမေ့ကို လွမ်းသလိုပဲ ကျွန်တော်လည်း အမေ့ကို သိပ်လွမ်းတာပဲဗျာ

ကျွန်တော်မှတ်မိပါသေးတယ် ကျွန်တော့ရဲ့လေးနှစ်ပြည့်မွေးနေ့မှာ အ‌ဖေက ပုဇွန်ကြော် ကြော်ပေးပြီး အမေက ကျွန်‌တော့အတွက် ပုဇွန်ခွံတွေခွာပေးခဲ့တာလေ။ အရမ်းသက်တောင့်သက်သာနဲ့ မိသားစုရဲ့နွေးထွေးမှုကိုခံစားခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်တော် သိပ်ကို ပျော်ခဲ့တာ။

အခုနောက်ပိုင်းတွေမှာ အဲ့ဒီမြင်ကွင်းကို ကျွန်တော် ခဏခဏ အိပ်မက်မက်တယ်။

အဖေ၊ အဖေရော အဲဒီနေ့ကို သတိရသေးလားဟင်?

ကျွန်တော် အဖေကြော်ပေးတဲ့ ပုဇွန်ကြော်ကိုစားချင်တယ်

နောက်တစ်ခေါက် ကျွန်တော်ပြန်လာရင် ကျွန်တော့်ကို ကြော်ပေးပါအုံးနော်။

"ဦးလေး ရှု ကျေးဇူးပြုပြီး ဒီစာကို ကျွန်တော့အတွက် ပို့ပေးပါအုံး " လီဟမ်ရှန်း သည် ရှုခွေ လက်ထဲသို့ ထိုစာကို ပေးလိုက်၏။

လီဟမ်ရှန်း ၏ အကြည့်များသည် တဖြည်းဖြည်း လေးနက်လာ၏။ ဒီစာကို လီချန်းချင်း ဘယ်လို တုံ့ပြန်မလဲဆိုတာကို သူ သိချင်ပေသည်။

တကယ်လို့ ဒီလူသာ သူ့အဖေ ဖြစ်ခဲ့မယ်ဆိုရင် ဒီစာကြောင်းတွေက သူ့အတွက် ဟာကွက်တွေနဲ့ ပြည့်နှက်နေမှာ သေချာတယ်။

သူ ဘယ်သူလဲWhere stories live. Discover now