၇၈

193 16 0
                                    

အခန်း (၇၈) အမ က ကြောက်စရာမကောင်းပါဘူး

ထိုစကားလုံးများအား ကြားပြီးသည်နှင့် လီဟမ်ရှန်း က လုံးဝ တုန်လှုပ်သွားခဲ့သည်။

ဖော်ပြ၍ မရနိုင်သည့် အကြောက်တရားက သူ့၏ ကိုယ်တွင်းမှ ဖိတ်စင်လာခဲ့သည်။

တဖြည်းဖြည်းချင်း ချည်းကပ်လာသည့် ယန်ချင်းချင်းအား ကြည့်နေရင်း လီဟမ်ရှန်း သည် သေစေနိုင်လောက်သည့် အန္တရာယ်၏ လက္ခဏာတစ်ခုကို ခံစားခဲ့ရသည်။ ဤအန္တရာယ်မရှိပုံပေါ်သည့် မိန်းမငယ်လေးက အန္တရာယ်၏ သရုပ်မှန်ပင်ဖြစ်သည်။

သူ့ဘေးမှ ကျိုးကျွင်း က လီဟမ်ရှန်း၏ အပြုအမူအပေါ် တစ်ခုခုရှင်းပြရန်ကြိုးစားနေသည့်ပုံဖြင့် အဆက်အစပ်မရှိ ဗလုံးပထွေးပြောနေခဲ့သည်။

သို့သော်လည်း ယန်ထျန်းထျန်း က ကျိုးကျွင့်အား လုံးဝ အရေးမစိုက်ခဲ့ပေ။

ခြေလှမ်းအနည်းငယ်ဖြင့် သူမက လီဟမ်ရှန်း၏ ရှေ့သို့ ရောက်လာခဲ့သည်။

ထိုအခိုက်အတန့်၌ လီဟမ်ရှန်းသည် နှလုံးခုန် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိပေ။ သို့သော်လည်း ယန်ထျန်းထျန်းမှ တမင်တကာ ထုတ်လွှတ်နေသည့် အရှိန်အဝါကြောင့် မဟုတ်ပေ။ သူမထံမှ အကြည့်တစ်ချက်ကပင် သူ့အား မလှုပ်နိုင်စေရန် လုံလောက်ပေသည်။

လီဟမ်ရှန်းက လှည့်ပြီး ထွက်ပြေးချင်ပေသည်။

သို့သော်လည်း သူ၏ ခြေထောက်များက မြေပြင်နှင့် သံရိုက်ထားသကဲ့သို့ပင်။

ရွေ့စမ်းပါ !

ရွေ့ !

လီဟမ်ရှန်း၏ စိတ်တွင်းမှ ဗြောင်းဆန်နေခြင်းက မထိရောက်ပေ။

ယန်ထျန်းထျန်း က လီဟမ်ရှန်းအား အနီးကပ် စေ့စေ့စပ်စပ် စစ်ဆေးနေခဲ့သည်။ ထိုအနည်းငယ်သောအခိုက်အတန့်က သူ့အား ရာစုနှစ်များစွာကြာသည်ဟု ခံစားခဲ့ရသည်။

သူ ဘယ်သူလဲWhere stories live. Discover now