အပိုင်း ၄၅

462 53 2
                                    

သူ ဘယ်သူလဲ

ဘာသာပြန် - Zeus

အခန်း(၄၅) ဗုဒ္ဓအလင်းက အကန့်အသတ်မဲ့တယ်

သူက ဗုဒ္ဓကို အလွန်ကြောက်ရွံ့သည့်ပုံဟန်ရှိလေသည်။

ထို့ကြောင့် ဗုဒ္ဓက ကျမ်းစာများနှင့် ရွှေအလင်းများကို အသုံးပြုကာ သူ့အား ဖိနှိပ်သည့်အချိန်တွင် သူ့အတွက် မသက်မသာခံစားနေခဲ့ရတော့သည်။

ဗုဒ္ဓအလင်းနှင့် ရင်ဆိုင်ရသော် တစ္ဆေလက်သည်းမှာ ကြီးမားသော ထိန်းချုပ်မှုကိုခံလိုက်ရသည့်အလားပင်။ကောင်းကင်ထိတိုင်အောင် မြင့်တက်နေသည့် တစ္ဆေအရှိန်အဝါများမှာ ဗုဒ္ဓအလင်းကျရောက်လာသည်နှင့် ချက်ချင်းကို ဖျက်စီးခြင်းခံလိုက်ရလေသည်။

ရှမူဟိုင်နှင့် မူချင်းကောတို့သည်လည်း တစ္ဆေလက်သည်း၏ ထိန်းချုပ်ထားမှုမှာ ပြုတ်ကျလာခဲ့ကြတော့လေသည်။ဗုဒ္ဓအလင်းကြောင့် တစ္ဆေကလေးငယ်များ၏ ငိုသံမှာ အရိုးထဲထိစိမ့်ဝင်လောက်အောင်ပင် ကြောက်ရွံ့ဖွယ်ကောင်းလှသောကြောင့် ကြားလိုက်ရသော လူတိုင်းကို မသက်မသာ ဖြစ်စေသွားတော့သည်။

ထိုအသံမှာ ဆံပင်မွှေးများ ‌ထောင်ထမတက်ပင်။

အနက်ရောင်မီးခိုးငွေ့များမှာ  ၎င်းတို့၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေကာ အရေပြားများမှ အဆက်မပြတ်ထွက်နေခဲ့တော့လေသည်။

၎င်းတို့၏ အရေပြားများမှာ စတင်၍ ပုပ်သိုးလာခဲ့တော့လေ၏။

ထိုအချိန်၌ လီချန်ချင်း၏ ဗုဒ္ဓပန်းပုရုပ်ထုမှာ နေမင်းကြီးကဲ့သို့ လင်းထိန်ကာ တောက်ပနေလေ၏။တစ္ဆေကလေးငယ်မှာလည်း နာကျင်မှုအကြီးစားကို ခံစားနေရတော့၏။သူ့မျက်လုံးထဲတွင် ဗုဒ္ဓ၏ အလင်းတန်းကို ကြောက်ရွံ့မှုနှင့်အတူ ခါးသီးသော ခံစားချက်များကိုလည်း မြင်တွေ့နိုင်ပေသည်။

“မဖြစ်နိုင်ဘူး”

သူ ဘယ်သူလဲUnde poveștirile trăiesc. Descoperă acum