အခန်း (၁၀၈)

111 11 0
                                    

အခန်း(၁၀၈) သေမျိုးတစ်ယောက်ပဲကို ငါ အရင်က မသတ်ခဲ့ဖူးဘူးလား။

ဟိုင် မိသားစု၏ ကြေညာချက်အားထုတ်ပြန်ပြီးသည့်နောက်တွင် လုကျင်းမြို့ရှိ ကုန်သည်များသည် ချန်ချင်းကုန်သွယ်ရေး နှင့် မပူးပေါင်းဝံ့ကြချေ။ ထို့အပြင် အရင်က ချန်ချင်းကုန်သွယ်ရေးမှ အသင့်စားအစားအစာများအား ဝယ်ယူခဲ့ကြသည့် သူများသည် ကြောက်မက်ဖွယ်ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ကြရသည်ကို သူတို့ကြားထားကြပေသည်။ သေးငယ်သည့် ကိစ္စများ၌ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရကာ အတော်ဆိုးရွားသည့်သူများဆိုလျှင် တစ်သက်လုံး အကြောသေကာ အိပ်ယာထဲ၌ အဆုံးသတ်သွားရပေသည်။

"ချန်းယု စားသောက်ဆိုင်ပိုင်ရှင်ဆို နံရိုးသုံးချောင်းကျိုးသွားပြီးတော့ သူ့ရဲ့ဆိုင်က ဖျက်ဆီးခံလိုက်ရတယ်။ တကယ် စိတ်မကောင်းစရာပဲ"

"အဲ့ဒါက ဘာမှမဟုတ်သေးဘူး။ ငါကြားတာတော့ ယန်ယွမ်မျှော်စင်ပိုင်ရှင်ဆိုရင် ဆိုးဆိုးရွားရွားအရိုက်ခံရရုံသာမက သူ့မိန်းမတောင်မှ မုဒိန်းဝိုင်းကျင့်ခံလိုက်ရတယ်တဲ့ ........။ ဟိုင်မိသားစုကလူတွေအားလုံးက တိရစ္ဆာန်တွေပဲ !"

" ရှူး ၊ အသံတိုးဦး ၊ မင်းဘဝပျက်သွားချင်လို့လား" ဤအဖြစ်အပျက်သည် လုကျင်းမြို့ရှိ လူအများကြား၌ သူတို့၏ အားလပ်ချိန်၌ အတင်းတုတ်စရာအကြောင်းအရာ တစ်ခုဖြစ်လာခဲ့သည်။

အချိန်တစ်ခုအတွက်တော့ ချန်ချင်းကုန်သွယ်ရေးသည် မပြောအပ်သည့် နာမည်တစ်ခုပင်ဖြစ်လာခဲ့သည်။ အရင်က ချန်ချင်းကုန်သွယ်ရေး၌ အမှာစာတင်ထားခဲ့ကြသည့် ကုန်သည်အားလုံး ရောက်လာကြပြီ သူတို့၏ စရံငွေများကိုလည်းကောင်း အသင့်စားဟင်းလျာများကိုလည်းကောင်းမလိုချင်ကြောင်းပြောဆိုကာ အမှာစာများဖျက်သိမ်းသွားခဲ့ကြသည်။

ထိုသို့ပြောပြီးနောက်တွင် သူတို့သည် လွတ်မြောက်သွားသည့်အလား ချန်ချင်းကုန်သွယ်ရေးမှ ထွက်ပြေးသွားခဲ့ကြသည်။လင်းဝမ့်ဟွမ်တစ်ယောက်သာလျှင် ဤသတင်းအားကြားပြီး အပြုံးနှင့် ခေါင်းခါကာ ပြောလာခဲ့သည် "အဲ့ဒီ ဟိုင်တုံရှန့် က တကယ်ကို ဘာမှ တိုးတက်မလာဘူးပဲ။ အမြဲတမ်း တူညီတဲ့ လှည့်ကွက်ဟောင်းတွေကို သုံးနေတာ"

သူ ဘယ်သူလဲWhere stories live. Discover now