ချစ်ရမ္မက်နွံ(part1)

588 30 0
                                    

မိုးလေတဖွဲဖွဲရွာသွန်းတိုက်ခတ်နေသောလောကကြီးဟာမှောင်မိုက်လို့နေပေမယ့်...အခန်းတွင်း၀ယ်နောက်မှီခုံ၌ထိုင်ကာစာအုပ်အနီကလေးကိုကိုင်ပြီးညာလက်ကဘောပင်လေးကထိုစာအုပ်နီကလေးပေါ်တွင်လှုပ်ရှားနိုင်အောင်လုပ်တဲ့သူမှာတော့မိုးသံလေသံကိုဥပေက္ခာပြုကာစာအုပ်ထဲတွင်သာအာရုံနှစ်မြှပ်ထားခဲ့သည်။

အချိန်တော်ကြာသည်အထိသူ့လက်ကမရပ်တန့်သေးဘဲနောက်တစ်မျက်နှာသို့လှန်ကာဆက်ရေးနေမိသည်မှာညလယ်ကျော်၍လာခဲ့သည်။

ဒေါက်!!ဒေါက်!!ဒေါက်!!!

တံခါးခေါက်သံကြောင့်ရေးလက်စကိုရပ်ကာအသံပြုလိုက်လေသည်။

''ဘယ်သူလဲ...''

''ကြည်းမြပါသားညနက်နေပြီးမို့သတိလာပေးတာပါ...''

ဓူ၀ံဘယ်ဘက်ထောင့်မှာချိတ်ဆွဲထားသောအလှနာရီ၏လက်တံအားမျက်မှန်ကိုင်းကိုပင့်တင်ကာကြည့်လိုက်မိသည်။

လက်တံတွေကစံတော်ချိန်မနက်၃နာရီကိုညွှန်ပြနေလေသည်။

ဒီနေ့ညလည်းသူညနက်ကျော်သည်မှအိပ်စက်ခဲ့ရပြန်သည်။

ဓူ၀ံကြယ်ဆိုတဲ့စာရေးဆရာဖြစ်ချင်နေသောကျနော်ဟာအိပ်ချိန်မမှန်ခဲ့သလိုစားချိန်လည်းမမှန်ပါ။..

တစ်ယောက်ထဲသာနေတတ်သောကျနော်ကိုစိတ်ပူပြီးနယ်ကနေတကူးတကတက်လာကာကျနော့်ကိုလာစောင့်ရှောက်ပေးသောကြည်းမြကတောင်ကျနော့်ရဲ့ခေါင်းမာမှုကိုလက်မြောက်အရှုံးပေးရသည်။

ခေါင်းထဲတွင်အကြောင်းအရာတစ်ခုပေါ်လာလျှင်ဘယ်ချိန်ဖြစ်ဖြစ်ထရေးနေတတ်သောကျနော်ဟာ..အိပ်ချိန်ထက်စာရေးခြင်းကိုသာဦးစားပေးခဲ့တာကြောင့်သွေးအားနည်းကာဆေးချိတ်တဲ့အထိဖြစ်လာခဲ့သည်။

ကြည်းမြကတော့ဆူပူနေပေမယ့်ကျနော်ရဲ့၀ါသနာကြီးမှုကတော့ကျနော့်ကိုစာရေးဖို့ကိုသာတွန်းအားပေးနေခဲ့သည်။

ညနက်တဲ့ထိမအိပ်ဘဲစာရေးတာကအတိတ်ကနာကျင်နေတဲ့မှတ်ဉာဏ်တွေကိုပျောက်ဆုံးအောင်လုပ်နိုင်တယ်လေ..ကျနော့်အထင်ပေါ့..

ဒါပေမယ့်မမေ့နိုင်ခဲ့ဘူးအဲနေ့ကဖြစ်ပျက်မှုကိုအချိန်တိုင်းသတိတရရှိခဲ့တယ်...မုန်းတယ်အရမ်းမုန်းတယ်အဲအတိတ်တွေကိုကျနော်မေ့ဖျောက်ချင်တယ်...

''နင့်လိုဘောပြားကိုငါမချစ်နိုင်ဘူး..နင်အခုလိုလုပ်တာငါ့ကိုအရှက်ခွဲတာဘဲ..ငါနင့်ကိုအရမ်းမုန်းတယ်ကြယ်လင်မောင်...နင်ကရွံဖို့ကောင်းတဲ့လူဘဲ..ငါအတွက်တော့နင်ကရွံမုန်းဖို့ကောင်းတဲ့သူဘဲ!!!!''

''မဟုတ်ဘူး...မျက်ရှင်..မျက်ရှင်!!!!...''

''ဟင်းးး..ဟင်း..ဟင်..''အသက်ရှုသံတွေပြင်းထန်နေပြီး

ဘေးနားကစားပွဲထက်ကရေကရားကိုကောက်ကိုင်ပြီးရေခွက်ထဲကိုအမြန်ငှဲ့လိုက်သည်။

ဂလု..ဂလု...ဂလု..

ရေကိုကုန်အောင်မော့သောက်လိုက်သည်။ကျနော်ဆက်အိပ်၍မရတော့ပေ။၀ံရန်တာဘက်ကိုထွက်ကာလုပ်နေကျအတိုင်း..စီးကရက်တစ်လိပ်ကိုထုတ်ကာမီးတို့ပြီးတစ်ရှိုက်ဖွာလိုက်လေသည်။

ဖူးးးးးးးး

''အတိတ်ကနာကျင်မှုတွေဟာဒီဆေးလိပ်ငွေ့လိုငါ့မှတ်ဉာဏ်ထဲကပျောက်ကွယ်သွားရင်သိပ်ကောင်းမှာဘဲ...''

ကြယ်ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်သောက်နေခဲ့တာတစ်ဗူးကုန်တဲ့အထိပင်...

နောက်တော့ဆက်အိပ်၍မရမယ့်အတူတူစာရေးဖို့ကိုသာစဥ်းစားမိခဲ့သည်။

စာရေးစားပွဲပေါ်ကစာအုပ်နီလေးကိုယူပြီးထိုင်နေကြနေရာလေးမှာနောက်မှီထိုင်ရင်းဘောပင်ကိုနားထင်ပေါ်ထောက်ကာစဥ်းစားခန်းဖွင့်နေလေသည်။

............

''သမီးငယ်ပြေးတော့..ပြေး..သမီးလေး..''

''မားမားပါးပါး...အင့်ဟင့်..ဟင့်..မသွားပါနဲ့..မားမား..ပါးပါး..''

မားမား
.ပါးပါး..

အား!!!!!

''ကမ္ဘာ..ကမ္ဘာ..သမီး..သမီးသတိထားအုန်း..သမီးလေး..''

''မေမေလေး..သမီး..သမီးမားမားကိုအိမ်မက်မက်တယ်..''

''သမီးရယ်ဒီအိမ်မက်ဆိုးတွေကိုထပ်မက်ပြန်ပြီးလာကွယ်...တိတ်တိတ်မငိုနဲ့တော့မေမေလေးရှိတယ်နော်.မငိုနဲ့တော့ကွယ်...''

မေမေလေးဆိုတဲ့မိန်းမကြီးရဲ့ရင်ခွင်ထဲ၀င်ကာတင်းကြပ်စွာပွေ့ဖက်ထားလေသည်။

ဒေါ်နှင်း၀တီလွင်ကတော့သူမခေါင်းလေးကိုပွတ်သပ်ပေးရင်းကောက်ကျစ်သောအပြုံးတို့ဟာနှုတ်ခမ်းထက်၀ယ်ဖန်တီးထားလေသည်။

''မကြာတော့ပါဘူးနင်လည်းနင့်မိဘတွေနောက်ကိုလိုက်သွားရတော့မှာပါတိမ်တိုက်ကမ္ဘာ..''

################################

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now