ချစ်ရမ္မက်နွံ(part8)

290 20 0
                                    

မနက်ခင်းအလင်းရောင်ကကြယ့်မျက်နှာဆီသို့ပြတင်းပေါက်မှတဆင့်ထိုးကျလာခဲ့သည်။

ကြယ်မျက်နှာကိုနေထိုးနေတာကြောင့်နိုးလာခဲ့လေသည်။

ဘေးနားကသူမလေးကတော့အိပ်နေတုန်းပင်..

ကြယ်ပြတင်ပေါက်ဆီသို့သွားကာလိပ်ကာစအားဆွဲချလိုက်လေသည်။နောက်တော့မနိုးသေးတဲ့သူမလေးအားစောင်လေးခြုံပေးကာရေချိုးခန်းတွင်းသို့၀င်လာခဲ့သည်။

ကြယ်ရေချိုးပြီးထွက်လာတော့သူမကကုတင်ပေါ်မှာအိပ်မှုံစုတ်ဖွာနဲ့ထိုင်နေတာကြောင့်ကြယ်သူမအနားသိူ့သွားကာ''ကလေးမလေးနိုးပြီးလား,.''

''ဟင်..ဦးအစောကြီးနိုးနေတာလား..ကမ္ဘာကဦးအိပ်နေသေးတယ်ထင်နေတာ..''

''ဦးဒီနေ့သွားစရာရှိလို့ကလေးရဲ့.''

''ဟွန်ဦးဘယ်သွားဖို့လဲ..ကမ္ဘာလည်းလိုက်မယ်လေ..''

''ဦးဘုရားသွားဖို့ပါကလေးမရဲ့...''

''ကမ္ဘာလည်းလိုက်မယ်လို့..ဦးနော်..''

''ဟုတ်ပါပြီး...စိတ်တော့မကောက်ပါနဲ့မနက်စောစောစီးစီးစိတ်ကောက်ရင်ရုပ်ဆိုးလိမ့်မယ်နော်..''

''ဦး!!!''

''ဟားဟား.''

''မရယ်နဲ့..''

''အင်းအင်းမရယ်တော့ဘူးလာဦးမျက်နှာသစ်ပေးမယ်..''

''ဟွန့်..ချီပေး..''

''ကမ္ဘာကကလေးလား..''

''၁၉နှစ်ဆိုတာကလေးဘဲ..''

''ဟုတ်ပါပြီးကလေးမလေးရယ်..ကဲလာဦးချီသွားပေးမယ်...''

ကြယ်သူမကိုယ်လေးပွေ့ချီပြီးရေချိုးခန်းထဲသို့၀င်သွားလေသည်။

''ကမ္ဘာကလေး၀တ်ဖို့ဦးမန်နေဂျာကိုမြန်မာ၀မ်းဆက်တစ်စုံမှာထားတယ်ခနနေရောက်လာမယ်..''

ခနကြာတော့တံခါးခေါက်သံကိုကြားရလေသည်။

တံခါးဖွင့်ပေးလိုက်တော့ကြည်းမြမဟုတ်ဘဲ..နွေပျိုဆိုတဲ့မန်နေဂျာမလေးဖြစ်နေလေသည်။

''အကိုလေးမှာထားတဲ့မြန်မာ၀မ်းဆက်ပါကြည်းမြကိုမတွေ့လို့အကိုလေးအခန်းဆီကိုလာခဲ့တာပါနွေပျို့ကိုခွင့်ပြုပါအုန်း..''ကြယ်သူမကိုခေါင်းငြိမ့်ပြလိုက်သည်။
အခန်းထဲကို၀င်လာတော့ကမ္ဘာကစိတ်ဆိုးနေတဲ့မျက်နှာနဲ့ထိုင်နေတာကိုတွေ့ရလေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now