ချစ်ရမ္မက်နွံ(part27)

227 16 0
                                    

တစ်နာရီကြာသည်အထိနှိပ်နေသောညို့မျက်ရှင်ကြောင့်ကြယ်အံ့သြသွားရသည်။

*သူတကယ်ဘဲမညောင်းဘူးလားမသိ...*

မျက်ရှင်လက်ညောင်းပေမယ့်ချစ်ရသူအညောင်းမပြေမှာစိုးတဲ့အတွက်မရပ်ဘဲဆက်နှိပ်ပေးနေခဲ့သည်။

''တော်ပြီးရပ်တော့..''

''မောင်ညောင်းနေသေးတယ်မလားမျက်ရှင်နှိပ်ပေးပါရစေနော်.''

''ရတယ်ငါအဆင်ပြေတယ်မင်းအိပ်ချင်ရင်အိပ်နှင့်တော့..''

''ဟင်မောင်ကမအိပ်ဘူးလား..အဲဆိုမျက်ရှင်လည်းမအိပ်ဘူးမောင့်နဲ့အတူတူနေမယ်..''

''ကျစ်!!ငါစာရေးမလို့မင်းဘာသာကုတင်ပေါ်မှာသွားအိပ်စမ်းပါ..''

''ဟူတ်ကဲ့..''

ကြယ်အော်လိုက်တော့သူမကဟုတ်ကဲ့ဟုပြောကာကုတင်ပေါ်သို့တက်သွားလေသည်။ကြယ်လည်း၀ရန်တာဘက်သို့ထွက်လာပြီးကောင်းကင်ပေါ်ကလမင်းကိုငေးမောရင်စာအုပ်ထဲကရေးလက်စကိုဆက်ရေးနေမိသည်။

တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်ထားရတောင်အတော်လေးညောင်းညာနေကာစာကိုမနက်၂နာရီထိပင်ရေးနိုင်ပြီးအိပ်ယာ၀င်ခဲ့လေသည်။ကြယ်ကတော့ပုခက်ပေါ်တွင်ခေါင်းအုပ်တင်ပြီးအိပ်စက်လေသည်။

မနက်၄နာရီထိုးတော့မျက်ရှင်တစ်ရေးနိုးလာခဲ့သည်။ဘေးနားကိုကြည့်လိုက်တော့မောင်မရှိပေ။မောင့်ကိုလိုက်ရှာတော့မောင့်ကပုခက်ပေါ်တွင်အိပ်ပျော်နေလေသည်။စောင်မရှိသောကြောင့်မောင်တစ်ယောက်ကွေးနေလေပြီးမျက်ရှင်ကုတင်ပေါ်ကစောင်ကိုယူပေးပြီးမောင့်ကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်လေသည်။

...........

၅လခန့်ကြာသော်...

အမေရိကန်နိုင်ငံတွင်

Cool company

ယုံကြည်မှုအပြည့်နဲ့companyထဲကို၀င်လာသောမိန်းမလှတစ်ဦး..အရပ်ကတော့၅ပေ၆လက်မရှိပြီးဖြူဖွေးတဲ့အသားရည်နဲ့လိုက်ဖက်စွာ၀တ်ဆင်ထားသော၀မ်းဆက်နက်ပြာရောင်သူမအလှကိုပိုပြီးပေါ်လွင်လာစေသည်။

''မမလေးတိမ်တိုက်.ကောင်းသောမဂ်လာနံနက်ခင်းပါ..''

''မမလေးကောင်းသောနံနက်ခင်းပါ..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now