ချစ်ရမ္မက်နွံ(part21)

254 16 0
                                    

''ဦးထမင်းစားကောင်းရဲ့လားဟင်.''

''ကောင်းတယ်ကမ္ဘာရဲ့..ဘာလို့လဲဟင်.''

''ဦးအဆင်မပြေမှာစိုးလို့ပါဦးထမင်းစာမိန်တယ်ဆိုကမ္ဘာကျေနပ်ပါတယ်...''

''ဟုတ်ပါပြီးဗျာကဲလာခြံထဲလမ်းဆင်းလျှောက်ကြစို့စားထားတာများတော့ဗိုက်လေးနေတယ်...''

''ဟုတ်ပါပြီးရှင်..သွားရအောင်..''ဦးလက်ကိုတွဲပြီးခြံထဲမှာလမ်းဆင်းလျှောက်လေသည်။

''ဦး..ညို့မျက်ရှင်ဘယ်လိုလုပ်မှာလဲဟင်..''

''ဦးသူ့ကိုမှမချစ်တာသူနဲ့ကွာရှင်းဖို့အတွက်သူ့ကိုပြောရမှာပေါ့..''

''သူကလက်ခံပါ့မလား..ညနေကအခြေအနေတိုင်းဆိုသူ့ပုံစံကဦးကိုလက်လွှတ်မယ့်ပုံမပေါ်ဘူးနော်...ကမ္ဘာဦးကိုလက်လွှတ်ဆုံးရှုံးမခံနိုင်ဘူးဦး..ညို့မျက်ရှင်ကိုအမြန်ဆုံးကွာရှင်းပေးပါနော်..''

''စိတ်ချပါဦးညို့မျက်ရှင်ကိုအမြန်ဆုံးကွာရှင်းပါ့မယ်...''

ကြယ်ချစ်ရသူနဲ့အတူရှိနေရတာကြောင့်စိတ်ထဲမှာအတိုင်းမသိပျော်ရွှင်နေလေသည်။

ည၈နာရီထိုးတော့ဦးဆန်းတင်အလုပ်ကနေပြန်ရောက်လာလေသည်။

''အိုကမ္ဘာလေးပြန်ရောက်နေပြီလားဦးဆန်းထင်တာဓူ၀ံကြယ်အိမ်မှာဒီညအိပ်မယ်ထင်ထားတာ...''

''ဦးဆန်းကလည်းကမ္ဘာကိူအိမ်ပြန်မလာစေချင်ပုံနဲ့ဟွန့်..''

''မဟုတ်ပါဘူးဗျာငါ့သူမကဒီအိမ်ကြီးရဲ့ပိုင်ရှင်ဘဲငါ့သူမ၀င်ချင်သလို၀င်ထွက်ချင်သလိုထွက်လို့ရပါတယ်ဗျာ..ကိုဓူ၀ံကြယ်ကိုယ့်အိမ်လိုသဘောထားပြီးလွတ်လွတ်လပ်လပ်နေကွာ...မင်းရဲ့ကလေးကိုဂရုစိုက်ပေးဖို့မမေ့နဲ့အုန်း...''

''စိတ်ချပါကိုဆန်းတင်ရာကျနော်ကလေးလေးကိုသေချာဂရုစိုက်လိုက်ပါ့မယ်..ဟားဟား''

''ဟားဟား''

''ဦးနော်..ဘာလို့ရယ်တာလဲ..''

''သဘောကျလို့ပါ..ကမ္ဘာ့ဦးလေးပြောတာကိုသဘောကျလို့စိတ်မဆိုးပါနဲ့ကလေးလေးရယ်...''

ဦးဆန်းတင်မှာတော့သူမဖြစ်သူတို့အတွဲကိုကြည့်ရင်းရယ်မောကာအိမ်ထဲ၀င်သွားလေသည်။
ည၉နာရီထိုးတော့အိပ်ယာ၀င်ဖို့အတွက်အခန်းဆီသို့ထွက်လာခဲ့လေသည်။ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တော့ကမ္ဘာကဘဲကြယ့်ကိုဦးဆောင်လုပ်ကိုင်ပေးလေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now