ချစ်ရမ္မက်နွံ(part49)

176 11 0
                                    

''ချီးယား!!!''

''ဆရာရဲ့အကြံစည်အောင်မြင်ပါစေဗျာ...''

''အောင်မြင်ပါစေ...''

လွန်းစစ်မြတ်တစ်ယောက်တပည့်ဖြစ်သူများနဲ့အတူအောင်ပွဲခံကာအရက်သောက်နေကြလေသည်။

''အား...ရင်ထဲကပူလောင်မှုတွေဆိုတာဟောဒီဟာနဲ့ငြိမ်းလိုက်ရင်ဘာမှမဟုတ်သလိုပါဘဲကွာ...ဟားဟား..''

အရက်ပုလင်းထောင်ကာပြောနေသောလွန်းစစ်မြတ်အားတပည့်ဖြစ်သူများကထောက်ခံနေကြလေသည်။

''မှန်တယ်ကျနော်တို့ဆရာပြောတာမှန်တယ်...''

''ဆရာ..ဆရာ..''

''ဘာလဲကွာ..နားငြီးလိုက်တာ..ဘာဖြစ်လာတာလဲအောင်ကြီး...''

''မိန်းကလေးတစ်ယောက်ဆရာနဲ့တွေ့ချင်တယ်တဲ့...''

''ဘယ်သူလဲ...''

''မသိဘူး..လွန်းစစ်မြတ်ကိုအခုခေါ်ပေးတဲ့..''

''တိမ်တိုက်ကမ္ဘာဖြစ်ရမယ်...အောင်ကြိးအဲဒီမိန်းကလေးကိုငါ့ဆီခေါ်လာခဲ့လိုက်...''

''ဟုတ်ကဲ့ဆရာ...''

အောင်ကြီးထွက်သွားတော့လက်ကျန်အရက်ကိုကုန်အောင်မော့သောက်လိုက်လေသည်။

''တောက်!!!လွန်းစစ်မြတ်..ဖြန်း!!!!!''

ကမ္ဘာလွန်းစစ်မြတ်ကိုတွေ့တာနဲ့တောက်ခေါက်ကာသူ့ဆီသို့ပြေးပြီးပါးရိုက်လိုက်လေသည်။

ခေါင်းလည်ထွက်သွားပြီးပါးတစ်ဖက်မှာလက်၀ါးရာအထင်းသားပင်...

''အောက်တန်းစားကောင်...ကဲဟယ်...''

လွန်းစစ်မြတ်သူမလက်ကိုဖမ်းဆွဲလိုက်ပြီး''မင်းငါ့ပါးကိုရိုက်ရဲတယ်..ကောင်မ..ဖြန်း!!!''ကမ္ဘာကြမ်းပေါ်သို့လဲကျသွားလေသည်။

ပါးစပ်မှလဲသွေးများစီးကျလာလေသည်။

နှုတ်ခမ်းကိုက်ပြီးလွန်းစစ်မြတ်အားမကျေမနပ်နဲ့ကြည့်နေလေသည်။

''မင်းငါ့ကိုအဲလိုအကြည့်နဲ့လာမကြည့်နဲ့မင်းရောက်နေတာငါ့ပိုင်နက်ဆိုတာသိထား..ငါ့ကိုတောင်ကိုယ်ထိလက်ရောက်ကျူးလွန်ရတာမင်းဘယ်လင်အားကိုးနဲ့ငါ့ကိုပါးရိုက်ရဲတာလဲ...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now