ချစ်ရမ္မက်နွံ(part5)

308 22 0
                                    

သူမလေးကတော့မွှေးပျံ့လွန်းတဲ့ခရေပန်းရနံ့တွေကိုရှုရှိုက်နေပုံရသည်။
ကြယ်သူမနဲ့ခရေပင်လေးကိုအမိအရဓာတ်ပုံရိုက်နိုင်ခဲ့လေသည်။

နာရီကြည့်လိုက်တော့နေ့လည့်၁၂နာရီတောင်ထိုးတော့မည်။

''ကမ္ဘာ...''

''ရှင်..ဦးဘာပြောမို့လဲ..''

''ကလေးမအိမ်ကလာမကြိုသေးဘူးလားကွယ်..''

''ဘာဖြစ်လို့လဲဦးရဲ့..''

''ထမင်းစားချိန်တောင်ရောက်နေပြီးလေ..''

ကမ္ဘာကတော့ပြုံးလိုက်ပြီးပြောလာသည်။

''ကမ္ဘာဒီလိုချိန်တွေဆိုအိမ်မပြန်ဘူးဦးရဲ့..''

''ဘာလို့လဲကလေးမ..''

''ဦး..ပျော်ရွှင်မှုမရှိတဲ့နေရာမှာကမ္ဘာထမင်းစားရမယ်ဆိုဘယ်လိုလုပ်ထမင်းစားနိုင်မှာလဲဟင်..''

''အဲဆိုကမ္ဘာသမီးကအိမ်နဲ့ပြသာနာဖြစ်ထားခဲ့တာပေါ့..''

''ကြာသွားပါပြီးဦးရယ်..ဟန်ဆောင်မှုတွေကြားထဲမှာကမ္ဘာနေရတာပျော်ရွှင်မှုဆိုတဲ့အရာကိုခံစားလို့မရတဲ့အထိပါဘဲ...''

''အဲဆိုသမီးကအိမ်ပြန်ပြီးထမင်းမစားဘူးပေါ့...''

''ဟုတ်ဦး..''ကြယ်ပြန်ဖို့ကဒီကလေးမကိုတစ်ယောက်ထဲထားခဲ့ရမှာစိတ်မချပေ။

''အဲဆိုဦးကိုယုံလားကမ္ဘာ..''

ကမ္ဘာဦးအမေးကြောင့်ကြောင်တောင်တောင်လေးဖြစ်သွားသည်။

''ရှင်..ဦးဘာမေးတာလဲဟင်..ကမ္ဘာနားမလည်လို့..''

''ကမ္ဘာနဲ့ဦးနဲ့သိတာနာရီပိုင်းလောက်ဘဲရှိသေးတယ်...ဦးကကမ္ဘာမျက်မမြင်ဆိုပြီးအခွင့်ရေးယူသလိုဖြစ်မှာစိုးလို့ပါ..''

ကမ္ဘာပြုံးရယ်ကာ''ဦးကိုကမ္ဘာယုံကြ်ညတယ်...ဦးကဘာလို့အခုလိုပြောရတာလဲဟင်..''

''ဦးကမ္ဘာ့ကိုဒီနေရာမှာတစ်ယောက်ထဲစိတ်မချလို့..''ကမ္ဘာပြုံးသွားပြန်သည်၊

သိပ်ကိုလှပတဲ့အပြုံးလေးပေါ့..

''ဒါဆိုကမ္ဘာကိုခေါ်သွားမယ်ပေါ့..''

''အွန်း..ဦးကကမ္ဘာကိုထမင်းစားဖို့ဖိတ်ခေါ်မယ်ဆိုကမ္ဘာကလိုက်မှာလား...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now