ချစ်ရမ္မက်နွံ(part19)

281 20 0
                                    

''ကလေးငယ်..ခနကညို့မျက်ရှင်ပြောတာတွေကိုစိတ်ထဲမထားနဲ့နော်..''

''ဦးကလည်းကမ္ဘာကဘာလို့စိတ်ထဲထားရမှာလဲ၀ေးသေး..အဲမိန်းမဘာဘဲပြောပြောကမ္ဘာကတော့ဦးကိုဘဲယုံတယ်..''

''အင်းပါဗျာ..ကလေးငယ်အိမ်ကိုပြန်မှာလားဦးအိမ်ကိုလိုက်မှာလား..''

''အိမ်ကိုမပြန်ချင်ပါဘူးဦးနဲ့ဘဲလိုက်မယ်ဒီညဦးအိမ်မှာအိပ်မယ်...''

''ဟူတ်ပါပြီးဗျာ..နွေပျိုအကိုအိမ်ကိုဘဲမောင်းနော်..''

''ဟုတ်ကဲ့အကိုလေး..''

*အကိုလေးရယ်တစ်ဖက်သတ်အချစ်ကတကယ်နာကျင်ရတာဘဲ..နွေပျိုအကိုလေးကိုချစ်ခဲ့မိပေမယ့်နောင်တမရဘူး..နာကျင်ရပေမယ့်ဒီနာကျင်မှုဟာအကိုလေးကိုချစ်မိလို့ဖြစ်တည်လာခဲ့တဲ့နာကျင်မှုဘဲပျိုကျေကျေနပ်နပ်ကြီးလက်ခံပါတယ်.အကိုလေးကိုချစ်ခဲ့မိတဲ့အချစ်တွေကိုရင်ထဲမှာဘဲထာ၀ရသိမ်းထားတော့မယ်အကိုလေးရယ်...*

ချစ်ရသူမမြင်အောင်မျက်ရည်တွေခိုးသုတ်ရင်နောက်ကြည့်မှန်ကပျော်ရွှင်နေတဲ့သိပ်ချစ်ရသူအကိုလေးနဲ့..အကိုလေးအချစ်ကိုရရှိခဲ့သောမိန်းကလေးတို့အားကြည့်ရင်းမျက်၀န်းအိမ်တွင်းမှမျက်ရည်များပါးပြင်ထက်သို့နောက်တဖန်ပြန်လည်စီးကျလာခဲ့လေသည်။

အိမ်ရောက်တော့နေ့လည်၂နာရီထိုးနေပြီး..

ကြယ်အိမ်ရောက်ရောက်ချင်းပင်..ပင်ပန်းတာကြောင့်အခန်းရှိရာသို့တက်သွားတော့သည်။ကမ္ဘာကတော့ဦးအနောက်ကနေလိုက်တက်လာပြီးဦးအခန်းထဲကို၀င်လာခဲ့လေသည်။

''ဦး..''

''ဗျာ''

''ဦးဘာဖြစ်လို့လဲဟင်နေလို့မကောင်းဘူးလား.''

''ဦးပင်ပန်းလို့ပါကလေးငယ်..''

''အဲဆိုတစ်ရေးလောက်အိပ်လိုက်လေ..ကမ္ဘာလည်းဦးနဲ့အတူတူတစ်ရေးအိပ်မယ်နော်..''

''ဟုတ်ပါပြီးလာပါအုန်းဦးရဲ့ကလေးလေး..''

ကြယ်ပြောလိုက်တော့ချက်ချင်းရင်ခွင်ထဲကိုတိုး၀င်လာပြီးရင်ဘတ်ကိုခေါင်းနဲ့ပွတ်သပ်ကျီစယ်နေလေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now