ချစ်ရမ္မက်နွံ(part42)

216 15 0
                                    

ကမ္ဘာတို့မနက်စာစားနေချိန်မှာဦးအောက်ထပ်ကိုဆင်းလာခဲ့လေသည်။

''ဦးနိုးပြီးလား...ညတုန်းကလည်းအိပ်နောက်ကျတာကိုအစောကြီးထနေတယ်...''

''ဟုတ်တယ်ခနကအနမ်းသူခိုးကြောင့်နိုးသွားတာလေ..''

''ဦးကသိနေခဲ့တာလား...''

''ခိုးနမ်းသွားတာမသိဘဲနေမလား..သိတာပေါ့..''

''ဟိဟိဦးသိတယ်ဆိုတော့ကမ္ဘာဦးရှေ့မှာဘာမှခိုးလုပ်လို့မရတော့ဘူးထင်တယ်..''

''ဘာလို့လဲကလေးရဲ့..''

''ဦးကနားပါးလို့လေ...''

''ဟုတ်လားဦးကနားပါးတယ်ပေါ့..''

''ဟုတ်တယ်...''

''ကမ္ဘာမောင့်ကိုခေါ်လိုက်လေမနက်စာစားရအောင်..''

''ဪဟုတ်သားဦးမနက်စာမစားရဘဲကမ္ဘာလေကြီးဘဲကျွေးနေမိတယ်ဦးလာမနက်စာအတူတူစားရအောင်..''

ကြယ်၂ယောက်သားအတိုင်ဖောက်ညီနေတာကိုကြည့်ပြီးထူးဆန်းသလိုဖြစ်နေသည်။

*၂ယောက်သားဘယ်တုန်းကတည့်သွားကြတာလဲ...*

''ဦးကြက်ဥပေါင်မုန့်ကြော်ကြိုက်တယ်ဟုတ်..များများစားနော်...''

''မောင်နွားနို့သောက်အုန်းမလားမျက်ရှင်သွားယူပေးမယ်နော်..''

''တီတီကလည်းကမ္ဘာသွားယူပါ့မယ်မပေါ့မပါးကြီးနဲ့...''

''ဘုရား''×2

ဒီတခါဘုရားတမိသူတွေကတော့ဓူ၀ံကြယ်နဲ့ညို့မျက်ရှင်ပင်.

(တိမ်တိုက်ကမ္ဘာကတော့ညို့မျက်ရှင်ကိုတီတီလို့ခေါ်လိုက်ပြီးဟေ့😎😎😎)

''တီတီ!!!''

''မျက်ရှင်မင်းတို့၂ယောက်ဒီနေ့အတော်လေးထူးဆန်းနေသလားလို့...ငါထင်မိတယ်..ဘာတွေဖြစ်သွားကြတာလဲ..ဆေးမှားသောက်ထားကြတာလား..''

''ဘာမှမဖြစ်ပါဘူးမောင်မျက်ရှင်တို့ရန်မဖြစ်ချင်တော့လို့ပါ..''

''ဪ..ကောင်းသားဘဲအဲလိုဆိုတော့အဆင်ပြေတာပေါ့...''

''ဦးနွားနို့ရပြီး..တီတီကလည်းဘာလို့မတ်တပ်ရပ်နေတာလဲမပေါ့မပါးကြီးနဲ့ထိုင်နေပါတီတီလိုအပ်တာရှိရင်ပြောလေ...ကမ္ဘာလုပ်ပေးမယ်..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now