ချစ်ရမ္မက်နွံ(part36)

204 12 0
                                    

ကြယ်ဒီနေ့သူငယ်ချင်းဖြစ်သူကိုလေဆိပ်မှာသွားကြိုပေးလေသည်။

လေယာဥ်ဆိုက်တော့.ထိုလေယာဥ်ပေါ်မှ မောင်မောင်ကြီးဆင်းလာလေသည်။

''ဟေ့ကောင်ကြယ်လင်း..မင်းငါ့ကိုလာကြိုတာလား...''

''အေးပေါ့..''

''ဒါနဲ့ငါ့သားရော..''

''မင်းသားကအခုချိန်ကျောင်းသွားနေမှာပေါ့ဟ...''

''ဟုတ်လား..''

''အေး..လာကွာငါ့အိမ်ကိုသွားရအောင်..''

''အေး...''

ကြယ်သူငယ်ချင်းဖြစ်သူကိုအိမ်သို့ခေါ်လာပြီးဧည့်ခံကျွေးမွေးကာငယ်ငယ်ကအကြောင်းတွေကိုပြန်ပြောဖြစ်လေသည်။

မျက်ရှင်အိမ်ပေါ်ထပ်ကနေဆင်းလာတော့မောင့်သူငယ်ချင်းကမျက်ရှင်ကိုကြည့်ပြီးနှုတ်ဆက်လာသည်။

''ညို့မျက်ရှင်နေကောင်းလား...''

''ကိုမောင်မောင်ကြီးမဟုတ်လား..ဟုတ်ကဲ့ကျမနေကောင်းပါတယ်ရှင်..''ကြယ်သူမအ၀တ်စားကိုကြည့်ကာမေးလိုက်လေသည်။

''မျက်ရှင်မင်းဘယ်သွားဖို့လဲ..''

''အပြင်ကိုပါမောင်''

''အပြင်သွားမယ်နေပူနေတယ်မင်းဘာနဲ့သွားမှာလဲ...''

''မျက်ရှင်ကားမောင်းသွားမယ်လေမောင်...''

''မသွားနဲ့တစ်ယောက်ထဲဆိုငါစိတ်မချဘူး...''

''wow!!!''

''အဲဒါမင်းကဘာဖြစ်တာလဲ..''၀ိုးလို့အော်သောမောင်မောင်မှာကြယ့်အပြောကြောင့်မိမိပါးစပ်ကိုပင်လက်နဲ့အုပ်လိုက်လေသည်။

မောင်မျက်ရှင်ကိုဂရုစိုက်တာမြင်တော့မျက်ရှင်ပျော်သွားလေသည်။သို့သော်မူပြရအုန်းမည်မဟုတ်လား..မသွားတော့ပေမယ့်သွားချင်သလိုတော့ဟန်ဆောင်ရအုန်းမည်လေ..

''မျက်ရှင်ချိန်းထားတာလေးရှိိလို့ပါမောင်...''

''ကျစ်!!မင်းသွားမှဖြစ်မှာလားဘယ်သူနဲ့ချိန်းထားတာလဲ...''

''သူငယ်ချင်းတစ်ယောက်နဲ့ပါသူကဒီနေ့နိုင်ငံခြားကပြန်လာတော့မျက်ရှင်ကိုတွေ့ချင်တာလို့ပြောလို့မျက်ရှင်သူ့ကိုသွားတွေ့မလို့ပါမောင်...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now