ချစ်ရမ္မက်နွံ(part17)

266 16 0
                                    

ဖြန်း!!!

နွေပျိုပါးတစ်ဖက်ပူထူသွားလေသည်။

နွေပျို...ညို့မျက်ရှင်အားဒေါသမျက်၀န်းတွေနဲ့စိုက်ကြည့်ရင်း''ရှင်ဘာလို့ကျမပါးကိုရိုက်တာလဲ..''

''အနေထိုင်မတတ်လို့ရိုက်တာ...သူများယောကျာ်းကိုမျက်လုံးကျွတ်ထွက်မတတ်စိုက်ကြည့်နေတာနင်အရှက်မှရှိသေးရဲ့လားနွေပျို..''

''ဒီမှာကျမမျက်လုံးနဲ့ကျမဘာသာကျမကြည့်တာရှင့်ကိုခွင့်တောင်းရမှာလား..''

''အိုးဟုတ်လားမင်းမျက်လုံးနဲ့ကြည့်တယ်..နင့်ကြည့်နေတဲ့သူကငါ့ယောကျာ်း...သူများယောကျာ်းတွေကိုနင်ကစနှိုက်ကြော်တတ်တဲ့အကျင့်ရှိနေတာဘဲလားကြည့်ရတာမျိုးရိုးလိုက်လို့ထင်တယ်..''

နွေပျိုသူမကိုပါစော်ကားရုံတင်အားမရသောညို့မျက်ရှင်ဟာသူမမိဘအသိုင်း၀ိုငးကိုထိပါးစော်ကားလာတာကြောင့်စိတ်ဆိုးကာညို့မျက်ရှင်အားပါးရိုက်လိုက်လေသည်။

ဖြန်း!!!

''ကျမမိဘတွေကိုစော်ကားတာကျမမကြိုက်ဘူး..တောက်!!...အတိုင်းအတာတစ်ခုထိဘဲရမယ်..ဘောင်ကျော်လာရင်တော့ကျမလည်းသည်းခံနေမှာမဟုတ်ဘူးညို့မျက်ရှင်..''

''တောက်!!!မင်းကများ...ဖြန်း''

''ရတယ်..ရှင်ကဒီလိုလား..ဖြန်း..''

သူတပြန်ကိုယ်တပြန်ချနေကြချိန်လုံခြုံရေးများရောက်လာပြီး၀ိုင်းဆွဲကြမှ၂ယောက်သားရပ်ကုန်ကြသည်။

''ဒီမှာညို့မျက်ရှင်ရှင့်ရဲ့ဒီလိုအောက်းတန်းကျတဲ့လုပ်ရပ်တွေကြောင့်အကိုလေးကရှင့်ကိုမချစ်နိုင်တာသိရဲ့လား..''

''တောက်!!!တော်တော်ပါးစပ်ကောင်းနေတယ်ပေါ့...နင်ထမင်း၀အောင်စားထားလိုက်..မကျန်တော့တဲ့အချိန်မှာနင်.တမလွန်ကိုသွားရတော့မှာပါနွေပျို..''

''တောက်!!!''

နွေပျိုတောက်ခေါက်ကာကားပါကင်မှကားမောင်းပြီးထွက်သွားလိုက်သည်။

မျက်ရှင်လည်းနွေပျိုပါးရိုက်ထားတာကြောင့်ပါး၂ခုလိုပူကြိမ်းနေလေသည်။မျက်နှာကလည်းဖြူတာကြောင့်လက်၀ါးရာကအထင်းသားပင်..

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now