ချစ်ရမ္မက်နွံ(part11)

294 15 0
                                    

''ညို့မျက်ရှင်''

ဓူ၀ံကြယ်ဆီသို့တန်းတန်းမတ်မတ်လျှောက်လှမ်းလာသောညို့မျက်ရှင်ဆိုတဲ့မိန်းမလှလေးဟာအခုချိန်ထိလှပနေတုန်းပင်..

''sorryကိုသူရိန်..ညို့လမ်းမှာကားကြပ်နေလို့နောက်ကျသွားတာပါ...''

''ကို့ကိုတောင်းပန်ရမှာမဟုတ်ဘူးဒီကကိုဓူ၀ံကြယ်ကိုတောင်းပန်ရမှာ..''

မျက်ရှင်ဆိုင်ထဲ၀င်လာကတည်းကstarရှိရာသို့လျှောက်လာခဲ့တာမောင့်ကိုတော့သူမမြင်တာပေါ့..မသိဟန်ဆောင်ကနှုတ်ဆက်လိုက်လေသည်။

''sorryနော်တို့ကားကြပ်လို့နောက်ကျသွားတယ်...ဘာမှာမလဲမှာကြလေညို့ဒကာခံပေးမယ်...''

ဓူ၀ံကြယ်အခုထိစကားတောင်မပြောဘဲငြိမ်သက်နေမိသည်။

*ညို့မျက်ရှင်ငါ့ဆီကဘာလိုချင်လို့ချဥ်းကပ်လာတာလဲ...*

တစ်ခုခုကိုတွေးတောနေဟန်ဖြင့်ငြိမ်နေသောမောင့်အားမျက်ရှင်လှမ်းခေါ်လိုက်လေသည်။

''မောင်''

သူမဘက်သို့လှည့်ကာ''မင်းငါ့ဆီကဘာလိုချင်လို့လဲညို့မျက်ရှင်...''

''အတိတ်ကအကြောင်းတွေကိုအတိတ်မှာဘဲထားခဲ့ရအောင်မောင်..မျက်ရှင်မောင်နဲ့တွေ့ချင်တာအလုပ်ကိစ္စကြောင့်ပါ..''

ကြယ်ကတော့သူမအားစိုက်ကြည့်နေရင်း''ဘာအလုပ်ကိစ္စလဲညို့မျက်ရှင်..''

''အရင်ကလိုဘဲမျက်ရှင်လို့ခေါ်ပါနော်မောင်..''

''အတိတ်ကနာကျင်ရတဲ့အမှတ်တရကိုပြန်ပြီးမဖော်ထုတ်ချင်ဘူး..မင်းဘဲခနကပြောခဲ့တယ်လေအတိတ်ကအကြောင်းတွေကိုအတိတ်မှာထားခဲ့ဆို..''

ညို့မျက်ရှင်သူမစကားနဲ့သူမမို့ဘာမှမပြောတော့ဘဲငြိမ်သက်သွားသည်။

''မင်းပြောမယ်အလုပ်ကိစ္စကဘာလဲ..''

''ကျမတို့အတူပူးပေါင်းပြီးလုပ်ငန်းတစ်ခုဆောင်ရွက်ဖို့အတွက်ပါမောင်''

''ကျနော့်နာမည်ဓူ၀ံကြယ်လို့ဘဲခေါ်ပေးပါညို့မျက်ရှင်..''

''ဒီတခါတော့မျက်ရှင်တောင်းပန်ပါတယ်မောင်..မောင်ပြောသလိုမလုပ်နိုင်ပါဘူး..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now