ချစ်ရမ္မက်နွံ(part2)

413 25 0
                                    

စာရေးနေရင်းမျက်ရိုးကိုက်လာတာကြောင့်နံရံကနာရီဆီသို့အကြည့်ရောက်သွားသည်။

''မနက်၆နာရီထိုးနေပြီးဘဲ...အားးး..''

အကြောဆန့်ကာလက်ထဲကစာအုပ်နီကိုစာပွဲပေါ်သို့ပြန်တင်ထားပြီးကိုယ်လက်သန်စင်ပြီးရေမိုးချိုးရန်အတွက်ရေချိုးခန်းထဲသို့၀င်လာခဲ့လေသည်။

ဗျော!!!!!

ရေပန်းအောက်မှာခေါင်းခံရင်းရေကိုဇိမ်ပြေနပြေချိုးနေခဲ့လေသည်။

ရေချိုးပြီးတော့တစ်ဘက်တစ်ထည်ကိုခါးမှာ၀တ်ကာစည်းလိုက်ပြီးနောက်ရေချိုးခန်းမှထွက်လာခဲ့လေသည်။

ရေစိုနေသောဆံပင်ကိုတစ်ဘက်တစ်ထည်ဖြင့်ရေစင်အောင်သုတ်လိုက်လေသည်။

အိမ်နေ၀တ်အကျီပေါ့ပေါ့ပါးပါးစွတ်ကျယ်ကိုသာ၀တ်လိုက်ပြီးပုဆိုးပြာတစ်ထည်ကိုထုတ်ယူကာတစ်ဘက်ကိုဖယ်ပြီး၀တ်ဆင်လိုက်လေသည်။

ကျနော်ရဲ့မနက်ခင်းလုပ်နေကျအလေ့အကျင့်တစ်ခုအဲဒါကကျနော်အိမ်နောက်ဘက်ကပန်းပင်လေးများကိုရေပေးတဲ့အလုပ်ပင်..

အိမ်ပေါ်ကနေဆင်းလာသောကျနော့်ကိုကြည်းမြကမနက်စာပြင်နေရင်းနှုတ်ဆက်လာသည်။

''သားနိုးပြီးလား...''

''ဟုတ်ကဲ့ကြည်းမြ..''

''အခုအိမ်နောက်ဘက်ကပန်းလေးတွေဆီသွားမို့မဟုတ်လား...''

''ဟုတ်ကဲ့....''ကြည်းမြကခေါင်းလေးငြိမ့်ပြပြီးသူ့အလုပ်ကိုသူဆက်လုပ်နေလေသည်။

ကျနော်ကတော့အိမ်နောကဘက်ကိုသွားကာစိုက်ပျိုးထားသောနှင်းဆီခင်းစံပယ်ခင်းများကိုရေပေးဖို့အတွက်ရေပိုက်ကိုဖွင့်ကာလန်းဆန်းသွာအောင်ပန်းပင်များကိုရေပေးတော့သည်။

အိမ်အနောက်ဘက်မှာစိုက်ထားတာနည်းနည်းများထူးဆန်းနေမလား..ကျနော်ကတော့အခုလိုသူများတွေမတွေ့မမြင်နိုင်တဲ့နေရာမှာဘဲစိုက်ပျိုးချင်ခဲ့တာ..ကျနော်ကအတ္တသမားဗျ..ကျနော့်စိုက်ပျိုးထားတဲ့ပန်းလေးတွေကိုသူများခူးဆွတ်မှာစိုးလို့အိမ်နောက်မှာဘဲစိုက်ပျိုးခဲ့တာလေ..

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now