ချစ်ရမ္မက်နွံ(part31)

220 13 0
                                    

ကြယ်အိမ်ပြန်ရောက်တော့အိမ်ရှေ့မှာထွက်ကြိုနေသောညို့မျက်ရှင်ရဲ့လက်ထဲကိုအိတ်ကိုကမ်းပေးလိုက်လေသည်။

''မောင်ဒီကလေးကဘယ်သူလဲ..''
ညို့မျက်ရှင်မောင့်ဘေးနားကကောင်လေးကိုကြည့်ပြီးမေးလိုက်လေသည်။

''လမ်းမှာအခက်ခဲဖြစ်လို့ခေါ်လာလိုက်တာ...''

''ဘယ်ကမှန်းမသိဘဲနဲ့ဘာလို့အိမ်ခေါ်လာရတာလဲမောင်...''

''မင်းပြောလို့ပြီးပြီးလားညို့မျက်ရှင်...ငါပင်ပန်းနေပြီး...''

''မျက်ရှင်မောင့်ကိုစိတ်ပူလို့ပါမောင်...''

''မလိုဘူး!!!သားဦးတို့သွားကြရအောင်..''

ကြယ်သူမရှေ့မှထွက်လာခဲ့လိုက်လေသည်။မျက်ရှင်ဘေးနားကနေမောင်ဖြတ်သွားတော့မျက်ရှင်မောင့်ဆီမှရေမွှေးအနံ့လိုမျိုးအမွှေးနံ့တစ်ခုကိုရသွားလေသည်။

''ရေမွှေးနံ့..မောင်ဘယ်တွေသွားထားတာလဲ..''မျက်ရှင်မောင့်နောက်သို့လိုက်လာခဲ့လေသည်။

''ကောင်လေးမင်းဒီညကြည်းမြနဲ့ဘဲအတူအိပ်ရမယ်ကြားလား.''

''ဟုတ်ဦးဦး..ဘွားဘွားမြသားအိပ်ချင်ပြီး..''

''အေးအေးလာသားဘွားဘွားတို့သွားအိပ်ကြမယ်...''

ကြည်းမြကကောင်လေးအားခေါ်သွားတော့ကြယ်အိပ်ခန်းရှိရာသို့ထွက်လာခဲ့တော့သည်။

ကြယ်ရေမိူးချိုးဖို့အကျီချွတ်နေချိန်မှာပင်ညို့မျက်ရှင်အခန်းထဲ၀င်လာခဲ့သည်။

''မောင်..ဘယ်တွေသွားထားတာလဲ..မျက်ရှင်သိလို့ရမလား..''

''မင်းကိုဖုန်းဆက်ကတည်းကပြောပြထားတယ်လေငါ့အသိမိတ်ဆွေနဲ့စကားပြောနေတယ်လို့..''

''မောင်သေချာလို့လား..မောင့်အသိမိတ်ဆွေဆိုတာမိန်းကလေးမဟုတ်လားမောင်..''

''ကျစ်!!ဘာလို့ငါ့ကိုတရားခံစစ်သလိုလာစစ်နေတာလဲညို့မျက်ရှင်..''

''ကျမမေးတာဘဲဖြေ..ရှင်ဒီနေ့ဘယ်တွေသွားထားတာလဲ''

''ငါ့ဟာငါဘယ်သွားသွားပေါ့မင်းအပူပါလား...တောက်!!!...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now