ချစ်ရမ္မက်နွံ(part25)

231 14 0
                                    

ဆရာ၀န်ကမောင့်အားသေချာစစ်ဆေးပြီးသည့်နောက်မှာမျက်ရှင်အားပြောလာသည်။

''လူနာကအိပ်ချိန်မမှန်စားချိန်မမှန်တော့အားနည်းနေတော့အဖျားအလွယ်တကူ၀င်သွားတာပေါ့..ခနကလေးရေအကြာကြီးချိုးခဲ့တော့ပိုဆိုးသွားတာပေါ့သူ့ကိုကျနော့်ဆေးတလုံးထိုးပေးခဲ့မယ်..သောက်ဆေးလည်းပေးခဲ့မယ်အချိန်မှန်ဆေးတိုက်ပေးဖိူ့တော့ဂရုစိုက်ပေးပါ...ကဲကျနော့်ကိုခွင့်ပြုကြပါအုန်း..''

''ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်..''

မျက်ရှင်မျက်နှာဖြူဖျော့နေတဲ့မောင့်ကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်။

*မောင်အဲကလေးမကြောင့်အခုလိုဖြစ်သွားခဲ့တာလားဟင်.စိတ်ချပါမျက်ရှင်မောင့်ကိုသောချာဂရုစိုက်ပေးမှာပါအဲကလေးမကိုမောင်မေ့သွားတဲ့ထိမျက်ရှင်မောင့်ကိုချစ်ပေးပြီဂရုစိုက်ပေးမယ်မောင်*

''ဟင်း.ဟင်းးးးး...ချမ်းတယ်...ဟင်းးဟင်း..''

မောင့်ကရုတ်တရက်ချမ်းတယ်ဟုပြောပြီးမျက်ရှင်ကိုပွေ့ဖက်လိုက်လေသည်။

မောင့်ရင်ခွင်ထဲကိုရုတ်တရက်ရောက်သွားသောမျက်ရှင်မှာမောင့်မျက်နှာကိုမော့ကြည့်ခိူက်မောင်ကလည်းသူမကိုစိုက်ကြည့်နေခဲ့သည်။

ထို့နောက်မောင်ကခေါင်းငုံ့ကြလာပြီးသူမနှုတ်ခမ်းကိုရန်ရှာတော့သည်။

မောင်ဖျားနေခဲ့တာကြောင့်မောင့်နှုတ်ခမ်းတွေဟာပူနွေးစိုစွတ်နေလေသည်။မျက်ရှင်လည်းမောင့်အနမ်းတွေကိုလက်ခံပြီးတုံ့ပြန်အနမ်းပြမ်ပေးနေမိသည်။

ထိုနေ့ညကမောင်ဟာသူမအပေါ်မှာအချစ်မပါတဲ့အနမ်းကိုဖန်တီးလိုက်လေသည်။

မနက်နေရောင်ဟာကြယ့်မျက်နှာပေါ်သိူ့ဖြာကျလာခဲ့လေသည်။

ကြယ်နိုးလာတော့ဘေးနားမှာအိပ်ပျော်နေတဲ့ညို့မျက်ရှင်ကြောင့်အံ့သြသွားရသည်။

*ငါညကကမ္ဘာနဲ့အတူအိပ်ခဲ့တာမလား..ဘာလို့ညို့မျက်ရှင်ဖြစ်နေရတာလဲ*

''အားကျွတ်..ကျွတ်''

မောင့်အသံကြားတော့မျက်ရှင်နိုးထလာခဲ့သည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now