ချစ်ရမ္မက်နွံ(part50)

195 11 0
                                    

ညို့မျက်ရှင်ဂျော်နီကိုကမ္ဘာ့အားသွားကြိုဖို့အမိန့်ပေးလိုက်လေသည်။

''ဂျော်နီမင်းကမ္ဘာ့ကိုသွားကြိုလိုက်...''

''ဟုတ်ကဲ့သခင်လေး..''
ဂျော်နီသခင်မလေးကိုဦးညွတ်ကာကမ္ဘာကိုသွားခေါ်ရန်ဆေးရုံသို့ထွက်လာခဲ့လေသည်။

ဂျော်နီထွက်သွားတော့ညို့မျက်ရှင်လွန်းစစ်မြတ်ရှိရာအခန်းသို့၀င်လာခဲ့လေသည်။

လွန်းစစ်မြတ်တစ်ယောက်ညို့မျက်ရှင်ကိုမြင်တာနဲ့..''ဟဘယ်သူများလဲလို့အလှနတ်သမီးလေးညို့မျက်ရှင်ဟုတ်စ...ဒါပေမယ့်ကွာဟိုမရောက်ဒီမရောက်ကောင်ကဦးစွာဖြတ်ခုတ်လိုက်တယ်လို့...နာတယ်ကွာ..အမှန်မှာမင်းကငါနဲ့ညားရမှာအသဲလေးရဲ့...''

ဖြောင်း..

လက်ထဲမှာပါလာတဲ့လူရိုက်တုတ်နဲ့မျက်နှာတည့်တည့်ကိုရိုက်ချလိုက်လေသည်။

လွန်းစစ်မြတ်တစ်ယောက်ညို့မျက်ရှင်ရဲ့ရိုက်ချက်ကြောင့်နလန်ပင်မထူနိုင်တော့ပေ။

''တန်ရာတန်ရာပြောစမ်းခွေးပါးစပ်ကနတ်စကားမထွက်စမ်းနဲ့...အောက်တန်းစားကောင်...နင်လို့ကောင်မျိုးတွေကိုငါဒိလောကကြီးထဲကထွက်သွားအောင်လုပ်ပေးနေကျ..ဒီတခါနင့်အလှည့်ဘဲ...''

''မင်းငါ့ကိုသတ်ချင်နေတာလားညို့မျက်ရှင်..မင်းငါ့ကိုသတ်လို့မရဘူးကွ..မင်းငါ့ကိုသတ်ရင်ငါ့ဆရာကလည်းငြိမ်ခံနေမှာမဟုတ်ဘူး..''

''နင့်ဆရာဘယ်သူလဲဆိုတာငါမသိဘူး..အေးနင်ငါ့ကိုအခုလိုခြိမ်းခြောက်လိူက်လို့လဲငါနောက်ဆုတ်သွားမယ်ထင်နေတာလား...ဖြစ်နိုင်တာကငါနင့်ကိုသတ်ပြီးမှနောက်ဆုတ်ချင်ဆုတ်လိမ့်မယ်လွန်းစစ်မြတ်...''

''မင်းငါ့ဆရာမကြောက်ဘူးဆိုရင်အခုသတ်လိုက်!!!''

၀ုန်း!!!

''ညို့မျက်ရှင်တော့မသတ်ဘူးငါကိုယ်တိုင်နင့်ကိုသတ်မှာလွန်းစစ်မြတ်..''

ကမ္ဘာနဲ့ဂျော်နီအခန်းထဲသို့၀င်လာခဲ့လေသည်။

ကမ္ဘာလက်ထဲမှာလဲဂျော်နီဆီကသေနတ်ကိုယူထားပြီးလေပြီး...သေနတ်နဲ့လွန်းစစ်မြတ်ကိုချိန်ကာပြောလိုက်လေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now