ချစ်ရမ္မက်နွံ(part34)

212 13 0
                                    

ကြယ်အိမ်ပြန်ရောက်လာတော့ကြည်းမြကကြယ့်အားစိုးရိမ်တကြီးနဲ့လှမ်းကြည့်လာသည်။

''ကျနော်အဆင်ပြေတယ်ကြည်းမြ..''

''ဦးဦးပြန်လာပြီး..''

''ကောင်လေးမင်းကိုငါမေ့နေတာဟဟ..''

''ဦးဦးနော်ဘယ်တွေသွားနေတာလဲသားကိုကျအိမ်မှာပစ်ထားတယ်...''

''အလုပ်ကိစ္စနဲ့အပြင်သွားတာပါကွာ...ဒါနဲ့ငါမင်းကိုမေးမလို့မင်းဘယ်မှာနေတာလဲမနေ့ညကလည်းမပြောဘူးဒီနေ့အိမ်ပြန်ရမယ်ကြားလားကောင်လေး..''

''ဦးဦးကသားကိုမောင်းထုတ်ချင်နေပြီးပေါ့...''

''ဒီလိုမဟုတ်ပါဘူးကွာ...မင်းမိဘတွေစိတ်ပူနေမှာစိုးလို့...''

''သားဒယ်ဒီကအခုဆိုအိမ်မှာမရှိဘူးဦးဦးရဲ့..''

''သားဒယ်ဒီကဘယ်သွားနေတာလဲ...''

''သားဒယ်ဒီကအလုပ်ကိစ္စနဲ့စကာ်ပူကိုခနထွက်သွားတာအိမ်မှာသားမိထွေးဘဲကျန်တယ်သားမပြန်ချင်ဘူးဦးဦး..သားဒယ်ဒီမရှိရင်သူကသားကိုအရမ်းနှိပ်စက်တာပြီးတော့ထမင်းလည်းမကျွေးဘူးသားကြောက်တယ်မပြန်ပါရစေနဲ့ဦးဦး...''

''ဟုတ်ပြီးဦးဦးသားကိုပြန်မပို့ဘူးသားဒယ်ဒီပြန်ရောက်မှဦးဦးပြန်ပို့မယ်ဟူတ်ပြိးလား..အခူသားကိုဦးဦးမေးမယ်သားအမှန်တိုင်းပြောနော်...မနေ့ညကသားကိုလိုက်ဖမ်းတဲ့သူတွေကဘယ်သူတွေလဲ..သားသိလား...''

''ဟအင်းသားမသိဘူးသားကျူရှင်ကပြန်လာတော့ကားထဲ၀င်ခါနီးပါသားကိုဖမ်းခေါ်သွားဖို့လုပ်တာကားမောင်းတဲ့ဦးလေးကြီး၀င်ဆွဲရင်းသားသူတို့နောက်ကနေပြေးထွက်လာခဲ့တာနောက်တော့ဦးဦးကားနဲ့တိုက်မိသလိုဖြစ်သွားပြီးဦးဦးကိုအကူညီတောင်းလိုက်တာဦးဦး...''

''ဪ...သားတကယ်ဘဲသူတို့ကိုမသိဘူးလား..ဒါဆိုသားဒယ်ဒီနဲ့မိထွေးနာမည်ကိုဦးဦးကိုပြောပြ..''

''ဟုတ်..သားဒယ်ဒီနာမည်ကဦးမောင်မောင်..သားမိထွေးနာမည်ကဒေါ်နှင်းဆီမြိုင်ပါဦးဦး...''

''ဦးမောင်မောင်!!!ဟုတ်လား..ဒါဆိုမင်းကရွှေသူဌေးဦးမောင်မောင်ရဲ့တစ်ဦးတည်းသောသားပေါ့...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now