ချစ်ရမ္မက်နွံ(part57)Final

686 19 0
                                    

ကမ္ဘာနဲ့ကြယ်ဒီနေ့နားရက်ဖြစ်ပေမယ့်သားနဲ့သမီးကိုနို့တိုက်ချော့တိတ်၊အနှီးလျှော်နဲ့တနေကုန်မနားရပေ။

သားနဲ့သမီးအိပ်သွားတော့ကြယ်ကကမ္ဘာကိုအနောက်ကနေသိုင်းဖက်ကာ''ကမ္ဘာဦးတို့ဘယ်တော့မှလက်ထပ်မှာလဲဟင်..''

''ဦးရယ်ခနလေးတော့စောင့်ပါတီတီဆုံးတာဖြင့်မကြာသေးဘူးအခုလိုဗြုန်းစားကြီးလက်ထပ်လိုက်ရင်သေသွားတဲ့တီတီ့ကိုအားနာစရာကြီး...''

''အဲဆိုဦးကိုတော့မသနားဘူးပေါ့..ဦးကမ္ဘာနဲ့အတူရှိချင်ပြီး..''

''အခုလည်းတစ်အိမ်တည်းအတူရှိနေတာဘဲဦးရယ်..''

''အဲလိုမဟုတ်ဘူး..ဦးကအကြင်လင်မယားဘ၀နဲ့အတူရှိချင်တာဒါမှဦးရဲ့ကလေးငယ်ကိုဘယ်သူ့မှဦးဆီကလုယူလို့မရတော့မှာ...''

''အင်းပါဦးရယ်..ကမ္ဘာအဆင်သင့်မဖြစ်သေးလို့ကမ္ဘာ့ကိုအချိန်ပေးပါနော်...''

''အင်းပါကလေးသဘော..''

''ဟိဟိ.ဒါကမ္ဘာ့ရဲ့ဦးကွ...အဲကြောင်းဦးကိုအရမ်းချစ်တာ...''

''ကလေးငယ်အခုလိုနှုတ်ကနေဘဲချစ်လို့မရဘူးလေ..''

''အဲဆိုဘယ်လိုချစ်ရမှာလဲ..''ကမ္ဘာမေးလိုက်တော့ကျနော်ကသူမခါးကိုဆွဲကိုင်ပြီးရင်ဘတ်ချင်းအပ်ကာနှုတ်ခမ်းချင်းထိဆက်လိုက်လေသည်။

၂ဦးသားအဆုံးမရှိသောအချစ်၀ေဟင်ထက်ပျံသန်းကာချစ်တိမ်တိုက်တွေကြားချစ်ခြင်းမေတ္တာတို့ဖလှယ်ရင်းပျံသန်းသွားကြလေသည်။

၁နှစ်ခန့်ကြာသော်

အဆင့်မြင့်ဟိုတယ်ခန်းမအလယ်တွင်သတို့သားဟာခန့်ညားတင့်တယ်စွာသတိုးသမီးအလာကိုစောင့်မျှော်နေလေသည်။

ကျွီ!!

ခန်းမတံခါးကြီးပွင့်လာတဲ့အချိန်မှာဂါ၀န်အဖြူရောင်နဲ့လှပတင့်တယ်သောသတို့သမီးဟာနှင်းဆီနီတွေကြဲထားသောကတ္တီပါကောဇောထက်၀ယ်လှပသောဒေါက်ဖိနပ်ကိုချနင်းကာသတို့သားဆီသို့လျှောက်လှမ်းလာခဲ့လေသည်။

မဂ်လာခန်းမအတွင်းသတိုးသားနဲ့သတို့သမီးတို့အားဂုဏ်ပြုကြသောဧည့်ပရိတ်သတ်တို့၏လက်ခုပ်သြဘာတို့ဟာခန်းမတစ်ခုလုံးဆူညံစွာပေါ်ထွက်လာတော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now