ချစ်ရမ္မက်နွံ(part44)

205 11 0
                                    

''ဦးကမ္ဘာshoppingထွက်ချင်လို့လိုက်ပို့ပေးနော်''

သူမအိမ်ကနေအပြန်လမ်းတွင်ပူဆာနေသောချစ်ဆုံးအားကြယ်ချစ်မ၀စွာကြည့်လိုက်လေသည်

''အင်းလိုက်ပို့ပေးမယ်..''

''ရေး!!ဒါမှကမ္ဘာ့ရဲ့ဦးကွ...''

ကမ္ဘာဦးရဲ့ပါးလေးကိုအနမ်းပေးလိုက်တော့ဦးမျက်နှာကချက်ချင်းပြုံးသွားလေသည်။

ကမ္ဘာစျေး၀ယ်ထွက်ချိန်မှာကြယ်ကသူမအနောက်မှထပ်ကြပ်မကွာလိုက်ပေးလေသည်။

''ဦးဒါလေးသယ်ပေးအုန်း...''

''အင်းပေးဦးသယ်ပေးမယ်..''

''ဒါလေးရော..''

ကမ္ဘာအထုပ်တွေကိုမနိုင်မနင်းသယ်ထားရသောကြယ်မှာအတော်လေးလေးနေလေပြီး..

''ကမ္ဘာကလေးအရမ်းများနေပြီးဦးမသယ်နိင်တော့ဘူး..ဒီဟာလေးတွေဦးအရင်သွားရှင်းပေးမယ်နော်ကလေးဒီမှာခနစောင့်နေနော်''

''ဦးမြန်မြန်ပြန်ခဲ့နော်...''

''အင်းပြန်လာခဲ့မယ်..''ကြယ်အထုပ်တွေမနိုင်မနင်းနဲ့ကောင်တာဆီကိုလာခဲ့လေသည်။

ကောင်တာမှာငွေရှင်းတော့မိန်းကလေးလစဥ်သုံးအီဗာထုပ်ကြောင့်ကောင်တာကစာရေးမဟာကြယ့်အားပြုံးစိစိနဲ့ကြည့်လေသည်။

ကြယ်လည်းရှက်ရှက်နဲ့ငွေအမြန်ရှင်းကာကားဆီကိုထွက်လာခဲ့လေသည်။

ကားအနောက်ခန်းမှာပစ္စည်းတွေကိုနေရာချပြီတော့ကလေးဆီကိုသွားရန်ကားပါကင်မှအထွက်တစ်ဖက်က၀င်လာတဲ့ကားကြောင့်တိုက်မိမလိုဖြစ်သွားလေသည်။

ကျွီ!!

ခေတ္တာပန်းကားပါကင်မှာကားထိုးဖိူ့အတွက်မောင်း၀င်လာခဲ့တာရုတ်တရက်လူတစ်ယောက်ကိုတိုက်မလိုဖြစ်သွားခဲ့လေသည်။

''ရှင်အဆင်ပြေရဲ့လား..ပန်းတောင်းပန်ပါတယ်..''

''ရပါတယ်ကျနော်ကအလျင်လိုနေလို့ပါ...''

ကြယ်မျက်နှာကိုမြင်တော့..''အကိုမဟုတ်လား..အကိူမတွေ့ရတာအတော်ကြာပြီးနော်...''

''ဪညီမပန်း...ဟုတ်ကဲ့...''

''ဒါနဲ့စျေး၀ယ်ထွက်လာတာလား..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now