ချစ်ရမ္မက်နွံ(part10)

300 20 0
                                    

ကားဖြည်းညင်းစွာမောင်းနှင်လာသောကျနော့်စိတ်ထဲမှာတော့တိမ်တိုကမ္ဘာဆိုတဲ့သူမအကြောင်းကကြီးစိုးနေခဲ့သည်။

''ထပ်ပြီးမပတ်သက်ပါနဲ့တောတဲ့...ဟက်!!...ကျနော်သူမကိုမမြင်ရရင်မနေနိုင်တော့လောက်အောင်ဖြစ်နေခဲ့ပြီး..ဒီတခါခဗျားရဲ့စကားတွေကိုကျနော်မသိသလိုဘဲဟန်ဆောင်ပေးလိုက်မယ်..ကျနော်သူမကိုနောက်ထပ်နေ့ရက်များစွာနဲ့ထပ်တွေ့ချင်မိတယ်...ဆန်းတင်မင်းဘယ်လိုဘဲကျနော့်ကိုသူမနဲ့မပတ်သက်ခိုင်းပါစေ..ကျနော်သူမရှိရာရပ်၀န်းဆီကိုအရောက်လာခဲ့မယ်...''
ကြယ်စိတ်ထဲကနေဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။

ကြယ်ဒီနေ့အရေးကြီးဖောက်သည်နဲ့တွေ့ရမှာမို့အလုပ်ဆီသို့ဦးတည်ကာမောင်းနှင်လာခဲ့သည်။

ကြယ်လုပ်ငန်းခွင်ရှိရုံးခန်းထဲသို့ခြေလှမ်းကျဲကြီးဖြင့်လျှောက်လာခဲ့လေသည်။

နွေပျိုအလုပ်သမားတွေကိုပို့မယ့်မုန့်သေတ္တာတွေကိုသေချာလေးထည့်ပေးရန်မှာကြားပြီးအကိုလေးရှိရာရုံးခန်းသို့၀င်လာခဲ့လေသည်။

ဓူ၀ံကြယ်ရဲ့လုပ်ငန်းမှာမုန့်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုပင်..မုန့်စက်ရုံမှထုတ်လုပ်သောမုန့်များကိုဖောက်သည်တွေဆီကိုပြန်လည်ပို့ဆောင်ပေးရလေသည်။

ဒီနေ့ဖောက်သည်တွေကအရမ်းကျလာတာကြောင့်နွေပျိုတစ်ယောက်ထဲမနိုင်မည်စိုးကာကြယ်ကိုယ်တိုင်အလုပ်ဆီသို့ရောက်လာခဲ့သည်။ပြီတော့အရေးကြီးဖောက်သည်နဲ့လည်းတွေ့ဖို့ရှိသေးတယ်လေ..

''အကိုလေး..နွေပျိုဖောက်သည်တွေအတွက်မုန့်တွေကသေချာလေးထုတ်ပိုးပြီးပါပြီး..''

''အင်းနွေပျိုဒီနေ့အရေးကြီးဖောက်သည်ဘယ်ချိန်ရောက်မှာလဲ.''

နွေပျိုဆိုသည့်ကျောလယ်ခန့်ဆံပင်ရွှေ၀ါရောင်နဲ့နောက်တိုင်းဆန်သောအလှနဲ့မိန်းကလေးကနာရီကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

''နေ့လည်ထမင်းစားချိန်မှာချိန်းထားပါတယ်အကိုလေး..''

''ဒါနဲ့ဘယ်နေရာလည်းအတိအကျပြောထားသေးလား..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now