ချစ်ရမ္မက်နွံ(part53)

186 9 0
                                    

ဂျော်နီပြန်ရောက်လာတော့သူမတို့အားလုံးအကြည့်ဟာဂျော့်နီဆီကိုရောက်သွားလေသည်။

''ဂျော်နီ..''

''ဟုတ်ကဲ့သခင်မလေး..''ဂျော်နီလက်ထဲမှလက်ထပ်စာချုပ်ကိုညို့မျက်ရှင်လက်ထဲသို့ပေးလိုက်လေသည်။

''ဒီမှာရှင်တို့သိပ်ကိုမြင်ချင်နေတဲ့ကျမနဲ့ဓူ၀ံကြယ်တို့ရဲ့လက်ထပ်စာချုပ်...''

မျက်ရှင်ဒေါ်ညို့မဟာနွယ်လက်ထဲသို့ထည့်ပေးလိုက်သည်။

သေချာကြည့်နေသောပုံကမယုံကြည်နိုင်သေးသည့်မျက်လုံးတွေကသက်သေပြနေလျက်...''ဒါကလက်ထပ်စာချုပ်ပေမယ့်အတုလည်းဖြစ်နိုင်တယ်..နင်ငါ့တူကိုအတင်းအကြပ်လက်ထပ်စေခိုင်းခဲ့တာလဲဖြစ်ရမယ်...''

''ဒီမှာဒေါ်ညို့မဟာနွယ်..ကျမမောင့်ကိုအတင်းအကြပ်လက်ထပ်ခဲ့ရင်တောင်အခုလက်ထပ်စာချုပ်အရမောင်ဟာကျမရဲ့တရား၀င်လင်ယောကျာ်းဘဲ..''

''ဪနင်ကငါ့တူကိုအတင်းလက်ထပ်သိမ်းပိုက်ခဲ့တာပေါ့...အရှက်မရှိတဲ့ဟာမ...''

''တော်ကြတော့ဘာလို့ကျနော့်ဘက်ကိုမတွေးပေးဘဲအခုလိူပြသနာရှာနေတာကျနော်တကယ်စိတ်ပျက်မိတယ်အားလုံးထွက်သွားကြတော့သွားကြတော့..''

''မောင်..''

''ဦး...''

''ကိုကို''

''ကျနော်တစ်ယောက်ထဲနေချင်တယ်ထွက်သွားပေးကြပါ...''

ဓူ၀ံကြယ်ရဲ့အော်သံအဆုံးအကုန်လုံးအခန်းပြင်သို့ထွက်သွားကြလေသည်။အခန်းထဲတွင်ဘယ်သူ့မှမရှိတော့တဲ့အချိန်မှာဓူ၀ံကြယ်ဟာခေါင်းတွေတဆစ်ဆစ်ထိုးကိုက်လာပြီးနောက်

အားးး!!!

အခန်းထဲတွင်ဓူ၀ံကြယ်မှာတော့အကျယ်ကြီးအော်ဟစ်ကာသတိမေ့သွားလေသည်။ဓူ၀ံကြယ်အသံကြောင့်ညို့မျက်တို့အခန်းထဲပြန်ပြေး၀င်လာတော့မေ့လဲနေသောဓူ၀ံကြယ်ကိုတွေ့ရလေသည်။

''ဆရာ၀န်အမြန်သွားခေါ်...''

''အင်း...''ကမ္ဘာချက်ချင်းဆရာ၀န်သွားခေါ်ရန်ပြေးသွားလေသည်။

''မောင်!!!မောင်..''ဓူ၀ံကြယ်တစ်ယောက်မှာတော့ညို့မျက်ရှင်ခေါ်သံကိုမကြားရတော့ပေ။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now