ချစ်ရမ္မက်နွံ(part46)

198 11 0
                                    

ကြယ်ဒီနေ့အလုပ်သွားရမယ့်နေ့ဖြစ်တာကြောင့်အိပ်ယာမှအစောကြီးထလေသည်။

ဘေးနားမှာတော့ကမ္ဘာကအိပ်လို့ကောင်းတုန်းပင်...

ကြယ်မျက်နှာသစ်ရေမိုးချိုးပြီးအ၀တ်စားလဲကာအောက်ထပ်ကိုမနက်စာစားဖိူ့ဆင်းလာခဲ့လေသည်။

''သားကြယ်နိုးပြီးလား..ကြည်းမြမနက်စာပြင်ပေးထားတယ်..''

''ဟုတ်ကဲ့ကြည်းမြ...''ကြယ်မနက်စာစားပြီးတော့အလုပ်ကိုလာခဲ့လေသည်။

''အကိုလေးဒီနေ့လာတာစောတယ်နော်..ဘာလဲအိမ်မှာဆူညံ၀ိုင်းမရှိတော့လို့လား..''

''ငါ့ညီမပြောတာမှန်တယ်..အိမ်မှာဆူညံ၀ိုင်းရောပြသာနာ၀ိုင်းရောအခုတလောကင်းရှင်းနေတယ်ဗျ..''

''ဟုတ်လားညို့မျက်ရှင်ဘာဆေးစားထားလဲမသိ...''

''ညို့မျက်ရှင်တင်မဟူတ်တိမ်တိုက်ကမ္ဘာကတောင်ဆေးမှားသောက်ထားတာလားထင်ရတယ်နွေပျိုရေ...၂ယောက်ကတွေ့တာနဲ့ကမ္ဘာအဆက်ဆက်ကရန်ငြိုးရှိသလိုနဲ့မတည့်ကြတာအခုတော့၂ယောက်သားချစ်နေလိုက်ကြတာငါ့ကိုတောင်မေ့နေတယ်...''

''အဲဒါကောင်းတယ်အကိုလေးရေ..သူတို့၂ယောက်ရန်ဖြစ်နေရင်အကိုလေးဘဲစိတ်ဆင်းရဲရမှာ..''

''နွေပျိုပြောတာမှန်ပါတယ်ဗျ..ကဲအခုအကိုတိို့အလုပ်သွားလုပ်ကြရအောင်...''နွေပျို့ပုခုံးကိုဖက်ကာရုံးဆီသို့ထွက်လာခဲ့လေသည်။

ချပ်!!

မှတ်တမ်းတင်ကင်မရာထဲကပုံကိုကြည့်ပြီးပြုံးမိသွားလေသည်။

''ညို့မျက်ရှင်မင်းအတွက်လက်ဆောင်တစ်ခုငါပို့ပေးလိုက်မယ်..''

......

ဒေါက်.ဒေါက်.ဒေါက်

''မမလေးမျက်ရှင်''

''ဘာလဲ''

''မမလေးနာမည်နဲ့စာရောက်နေလို့ပါ..''

ညို့မျက်ရှင်နဲ့ကမ္ဘာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလေသည်။

''စာဟုတ်လား..''

''ဟုတ်ကဲ့''

''ယူလာခဲ့လိုက်.''

''ဟုတ်ကဲ့.''အိမ်ဖော်မလေးထွေးလေးကအခန်းထဲကို၀င်လာပြီးညို့မျက်ရှင်အားစာအိတ်ပေးလိုက်လေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now