ချစ်ရမ္မက်နွံ(part47)

188 13 0
                                    

''တီတီအဲမိန်းမကမ္ဘာတို့ကိုပြသာနာဖြစ်စေချင်လို့အခုလို့လုပ်တာဖြစ်နိုင်တယ်...''အိမ်ကိုပြန်ရောက်ကတည်းကကမ္ဘာတစ်ယောက်မကျေနပ်နိုင်ဘဲညို့မျက်ရှင်အားပြောလေသည်။

''ကမ္ဘာပြောတာဖြစ်နိုင်တယ်...သူကတီတီတို့၂ယောက်ကိုပြသာနာဖြစ်အောင်လုပ်မယ်..ပြီးရင်မောင်နဲ့နွေပျို့ကဖောက်ပြန်နေကြတယ်ဆိုပြိးတီတီတို့ကမောင့်ကိုမုန်းပြီးကွာရှင်းကြပြတ်ကြလုပ်လိုက်မယ်ပေါ့...အဲခါကြရင်သူကအလကားနေရင်းဓူ၀ံကြယ်ကိုအပိုင်ဖမ်းမယ်ပေါ့..သူ့အကြံကမဆိုးဘူးလို့ပြောရမယ်...ဒါပေမယ့်တီတီတို့တွေကတစ်ယောက်ကိုတစ်ယောက်သိထားကြတော့သူ့အတွက်စိတ်မကောင်းစရာဘဲ...သူစီစဥ်ခဲ့တဲ့အကွက်တွေကနောက်ဆုံးတော့အလဟသကြီးဖြစ်သွားတယ်လေ..''

''သူထင်တာတီတီကကမ္ဘာ့ကိုပြသနာရှာပြီးပါးရိုက်ပေါ့...တကယ်တမ်းပါးရိုက်ခံထိသွားတာကသူလေ...''ကိုယ့်ရှူးကိုယ်ပတ်''တာလို့ခေါ်တယ်...သူ့ကိုပါးရိုက်လိုက်ရတာအားရတယ်တီတီ...''

''ခေတ္တာပန်းဆိုတာဘယ်သူလဲသေချာစုံစမ်းရမယ်..''

''သူဆိုင်မှာတုန်းကမ္ဘာ့ကိုပြောတယ်သူကဦူအချစ်ဦးတဲ့...''

''အချစ်ဦးဟုတ်လား..ဟားဟား...ဘယ်ကအချစ်ဦးလည်းညို့မျက်ရှင်တစ်ယောက်လုံးရှိနေတာကိုနောက်မှပေါက်တဲ့ရွှေကြာအချစ်ဦးနာမည်ခံပုလ္လင်ကိုတက်လုရဲတယ်...အဲမိန်းမမောင်နဲ့တစ်နည်းနည်းတော့ပတ်သက်နေလိမ့်မယ်...တီတီတိူ့သေချာစုံစမ်းမှဖြစ်မယ်...''

''ကမ္ဘာလည်းအဲမိန်းမအကြောင်းသိချင်နေတာနဲ့အတော်ဘဲ...''

အခန်းထဲတွင်၂ယောက်သားခေတ္တာပန်းအကြောင်းကိုပြောနေကြလေသည်။

........

ring...ring....ring...

ကြယ်အလုပ်လုပ်နေချိန်ဖုန်းလာတာကြောင့်ကိုင်လိုက်လေသည်။

''ဟယ်လို...''

''ဟယ်လိုသားကြယ်...တီနွယ်ပါ''

''ဟာ!!တီနွယ်...ဘာလို့အခုမှဆက်တာလဲပျောက်နေတာအတော်ကြာပြီးနော်...ကျနော့်ကိုရောမေ့နေပြီးလားမသိ...''

''မေ့စရာလားတီနွယ့်မှာဒီသူလေးတစ်ယောက်ဘဲရှိတာကို...''

''ဟုတ်ပါပြီးဗျာ..တီနွယ်ဘာလို့အခုမှဆက်တာလဲအဲဒါကိုရှင်းပါအုန်း..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now